Posts

Showing posts from March, 2020

ကြာဆူးအတွက် ကုထုံး

Image
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris  ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့  တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

ဗောက်လုံးဝပျောက်အောင်

Image
ဗောက်လုံးဝပျောက်အောင် လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြား ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာပါ။ အင်္ဂလိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝကိခန့်ဟာ ဗောက်ထနေကြတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစိလေ့ရှိတယ်။ အထူးသဖြငိ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊ အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။ ယေဘုယျအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျ်ုပေါက်အရွယ်မှာစဖြစ်ပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားမှုက သိသိသာသာလျှော့ကျလာတယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းတရပ်ပါ။  အပူအစပ်၊  အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။  အရက်၊ဘီယာစတာတွေကလည်း ဗောကိထစေနိုင်တဲ့ အကြောင်းရာထဲပါတယ်။ အေအိုင်ဒီအက်စ်ရောဂါနဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထတတ်တယ်။ ဗောက်ပေါက်သူအများစုကို လေ့လာ...

မျက်နှာပေါ်က ဆားဝက်ခြံပျောက်နည်း

Image
မျက်နှာပေါ်က ဆားဝက်ခြံပျောက်နည်း ဆားဝက်ခြံက မွှေးညှင်းပေါက်ကျယ်သူတွေမှာ အများဆုံး တွေ့ရတယ်။ မွှေးညင်းပေါက်အဝမှာ ပိတ်ဆို့တာမို့ အဆီနဲ့ ဆဲလ်သေတွေက လေနဲ့ ဓာတ်ပြုပြီး မည်းသွားတယ်။ ဒါ့ကြောင့် blackhead လို့ ခေါ်တာပါ။ whitehead တွေကျတော့ အဆီဂလင်းများသူမှာ အဓိကဖြစ်တယ်။ အတွင်းပိုင်းမှာ ပိတ်ဆို့တာမို့ အလုံပိတ်အခန်းလိုဖြစ်နေတယ်။ မြုံနေတဲ့အပိုင်းက လေနဲ့ဓာတ်မပြုနိုင်ဘူး။ အပြင်က အဆီဖုလေးတွေသာ မြင်နေရတယ်။ အဆီဝက်ခြံသဘောကမျက်နှာအဆီပြန်သူ ပိုဖြစ်တယ်။  ဟော်မုန်းအပြောင်းအလဲမှာဖြစ်လေ့ရှိပါတယ်။ အဆီအဆိမ့် စားသူတွေ ပိုတွေ့ရတယိ။အထူးသဖြင့် နဖူး၊ပါးပြင်၊ မေးစေ့ စတဲ့နေရာတွေမှာ အဆီဝက်ခြံ ထွက်လေ့ရှိတယ်။ ဆားဝက်ခြံကို ဘယ်လိုလုပ်မလဲ (၁) မျက်နှာသစ်ဆေး Salicylic acid, glycolic acid နဲ့ lactic acid သုံးမျိုးပါတဲ့ Salcee wash မျက်နှာသစ်ဆေးသုံးပါ။ ဝက်ခြံ အဖုအကျိတ်တွေအတွက် tea tree oil ပါတဲ့ မျက်နှာသစ်ဆေးသုံးနိုင်တယ်။ စျေးကွက်မှာ ရွှေရောင်မျက်နှာသစ်ဆေး cutishine wash နာမည်နဲ့ ရတယ်။ ရေခပ်နွေးနွေးနဲ့ မျက်နှသစ်ပါ။ Salcee သို့ cutishine မျက်နှာသစ်ဆေးတွေ သုံးတဲ့အခါ စက်ဝိုင်းပုံလိမ်းပြီး မျက်နှာမှာ စက္ကန့်(၃၀)ထားပါ။ ...

မျက်စိပါဝါ လေဆာနဲ့ ချချင်သူများအတွက်

Image
မျက်စိပါဝါ လေဆာနဲ့ ချချင်သူများအတွက် ဒီနေ့ခေတ်မှာ လေဆာနဲ့ မျက်စိပါဝါချတဲ့နည်းက အလွန်ခေတ်စားလာပါတယ်။ LASIK လို့ လူသိများတယ်။ LASIK ဆိုတာ LASIK( laser-assisted in situ keratomileusis)ရဲ့ အတိုကောက်စကားလုံးဖြစ်ပါတယ်။ kerato ဆိုတာ cornea(မျက်ကြည်လွှာ)ကို ပြောတာဖြစ်ပြီး mileusisဆိုတာ ပြန်လည်ပုံသွင်းတာဖြစ်တယ်။ ဒါ့ကြောင့် LASIK ဆိုတာ မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်ကို  လေဆာနဲ့ ပြန်လည်ပုံဖော်ပြီး ပါဝါချတဲ့နည်းဖြစ်တယ်။ မြန်မာလို "လေးဆစ်"လို့ အသံထွက်ရတယ်။ refractive surgery အမျိုးအစားထဲမှာပါတယ်။ဒီနည်းက အဝေးမှုန်သမားတွေသာမက အနီးမှုန်သမားနဲ့ သူငယ်အိမ်စောင်းသူတွေမှာပါ အသုံးဝင်တယ်။ မျက်စိပါဝါတက်သူအများစုဟာ refractive error ခေါ်တဲ့ အလင်းယိုင်တဲ့ဖြစ်စဉ် လွဲမှားမှုကြောင့် ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် အလင်းတန်းတခုဟာ မျက်စိထဲဖြတ်ကျော်ဝင်ရောက်ပြီး မြင်လွှာပေါ် ဆုံမှတ်ကျရောက်တယ်။ မြင်လွှာပေါ်ကျရောက်မယ့် အလင်းတန်းတွေ ဆုံချက်မမှန်တဲ့အခါ မျက်စိပါဝါတက်လာတယ်။ အထူးသဖြင့် မျက်ကြည်လွှာ (သို့) မှန်ဘီလူး ပုံသဏာန်ပြောင်းလဲခြငိးက အဝေးမှုန်၊ အနီးမှုန်တွေကို ဖြစိစေတယ်။ အလင်းတခုဝင်ရောက်တဲ့အခါ မျက်လုံးအပြင်ဆုံးအ...

ကိတ်နည်း လမ်းညွှန်

Image
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။  တရက်ကို သုံးခါ...

ပျိုမေတို့အကြိုက် BB cream နဲ့ CC cream

Image
ပျိုမေတို့အကြိုက် BB cream နဲ့ CC cream BB cream နဲ့ CC creamက မိန်းကလေးတွေကြား အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ ခရင်မ်နှစ်မျိုးလုံးက all on one ခေါ်တဲ့အာနိသင်မျိုးစုံပေါင်းထားတယ်။ တမျိုးထဲလိမ်းရုံနဲ့ တော်ရုံတန်ရုံ အရေပြားကို ထိန်းညှိပေးသလို  အပြင်ထသွားထလာ အခြေနေမျိုးမှာကောင်းတယ်။ သာမန်အရေပြားထိန်းသိမ်းရုံဆို BB creamလောက်နဲ့ လုံလောက်တယ်။ အဖုအပိန့်တွေရှိရင် CC creamက မမြင်ရအောင် ပိုကာကွယ်နိုင်၊ ဖုံးကွယ်ပေးနိုင်တယ်။ "BB" ဆိုတာ “beauty balm" ကိုပြောတာပါ။ တချို့က blemish balm လို့လည်း ခေါ်သေးတယ်။ မိပ်ကပ်ရောင်နည်းနည်းသမ်းတယ်။ BB သုံးရင် အရေပြားကာလာ သိပ်မတောက်ဘူး။ သာမန်ပဲ၊ အောက်ခံအရောင် ခပ်ဖျော့ဖျော့ဖြစ်တယ်။ အာနိသင်တွေက စုံတယိ။ အစိုဓာတ်ထိန်းတယ်။ နေလောင်ကာတယ်။ အရေပြားရင့်ရော်မှုကို ကာကွယ်ပေးတယ်။ serum, moisturiser, primer, foundation နဲ့ sunblock စတဲ့အာနိသင်တွေ တခုတည်း ပေါင်းထားတဲ့သဘောဖြစ်လို့ အချိန်ကုန်သက်သာတယ်။ အမဲစက်၊ အမာရွတ်ကွက်တွေကို ခပ်ပါးပါးဖုံးနိုင်တယ်။ CC creamရဲ့အဓိပ္ပါယ်က “color corrective" ဖြစ်ပါတယ်။ အရေပြားကာလာ မညီညာတဲ့အခါ အဓိကသုံးတယ်။ CC သုံးထားရင် မျက်နှာအရ...

ပျိုမေတို့ရင်သား ဖွံ့ထွားစေဖို့

Image
ပျိုမေတို့ရင်သား ဖွံ့ထွားစေဖို့ လေ့လာမှုစစ်တမ်းတွေအရ  ရင်သားကြီးတဲ့မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေထက် မိမိကိုယ်ကို ယုံကြည်ချက်ပိုမြင့်မားလေ့ရှိကြသတဲ့။ ရင်သားထွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ  ပုံမှန်ထက် ဆန့်ကျင်ဖက်လိင်ကို ပိုမိုဆွဲဆောင်နိုင်တယ်လို့လည်း ဆိုကြပြန်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ရင်သားအလှတွေ တယောကိနဲ့တယောက် မတူညီကြတာတော့ အမှန်ပါ။ သေးတဲ့သူက ကြီးချင်၊ ကြီးတဲ့သူက ပိုဖွံ့ထားချင်တာ တကယ့် ပြဿနာကြီး ဖြစ်လို့လာတယ်။ နောက်ဆုံးလေ့လာမှုတွေအရ အမျိုးသမီးထုရဲ့ ရ၀ ရာခိုင်နှုန်းဟာ မိမိတို့ နဂိုရင်သားဆိုက်ကို ကျေနပ်အားရမှုမရှိဘူးဆိုတာ တွေ့ရတယ်။ အမျိုးသမီးတယောက်ဟာ အပျိုဖော်ဝင်တာနဲ့ ရင်သားတွေ စတင်ဖွံ့ဖြိုးလာပါတယ်။ ယေဘုယျအသက် ၁၀-၁၂ နှစ်ကြား သိသိသာသာပြောင်းလဲလာတယ်။ တကယ်က မျိုးဥအိမ်ကထုတ်တဲ့ အီစတိုဂျင်တန်ခိုးကြောင့် ဖြစ်တယ်။ အီစတိုဂျင်ဟော်မုန်းကြောင့် ရင်သားမှာ အဆီတစ်ရှုးနဲ့ တွယ်ဆက်တစ်ရှုးတွေ စုစည်းလာရာက ရင်သားက တဖြည်းဖြည်း ကြီးထွားလာတယ်။ ဘာ့ကြောင့် ရင်သားသေးရသလဲ မျိုးရိုး၊ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အစားအသောက်၊ ဗီတာမင်နဲ့ အာဟာရဓာတ်ချို့တဲ့မှု၊ အသက်အရွယ် စတာတွေက ရင်သားဖွံ့ဖြိုးမှုကို ဆုံး...

တစ်ပတ်အတွင်း တင်သားထွက်နည်း

Image
တစ်ပတ်အတွင်း တင်သားထွက်နည်း တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချု်းအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။ တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်းသားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်...

အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း

Image
အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း အမျိုးသမီးတွေ သုံးစွဲကြတဲ့ တားနည်းအမျိုးမျိုးအနက် သုံးစွဲသူတွေစိတ်ချရပြီး အလုပ်ရှုပ်သက်သာတဲ့ တားနည်းတမျိုးက implanonခေါ်တဲ့ အရေပြားအောက်မှာထည့်ရတဲ့ တားဆေးချောင်းလေးဖြစ်ပါတယ်။ စိတ်အချရဆုံး တားနည်းတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတားနည်းက ၉၉ရာခိုင်နှုန်းမက စိတ်ချရတယ်။ ကလေးရနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်ထက်နည်းတယ်။ သုံးနှစ်အတွင်းကလေးရနိုင်ချေလေ့လာကြည့်တဲ့အခါ လူ၃၀၀၀မှာ တစ်ယောက်သာ ရှိတယ်။ implanonဆိုတာအမှန်တော့ progestogenဟော်မုန်း တမျိုးထဲပါဝင်တဲ့ တားဆေးမျိုးဖြစ်ပါတယ်။ implanon အချောင်းကို ethylene vinylacetate copolymerနဲ့ပြုလုပ်ထားတယ်။ implanon ထဲမှာ etonogestrel 68mgကို ထည့်သွင်းထားတယ်။တားနည်းတွေထဲမှာ အလုပ်ရှုပ်သက်သာတဲ့နည်း တခုဖြစ်လို့ လူကြိုက်များတယ်။ ၃လခံထိုးဆေးထက်သာတာက long-acting reversible contraception ကြာရှည်ခံပြီး ပြန်ထုတ်လိုက်ရင် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်တယ်။ လေ့လာမှုတချို့က IUCDသားအိမ်တွင်းပစ္စည်းထည့်ခြင်း၊IUSနဲ့ sterilisation သားကြောဖြတ်ခြင်း တို့ထက် ပိုစိတ်ချရတာလို့ ဆိုပါတယ်။ Implanon ဆိုတာ progestogenဟော်မုန်း ထည့်ထားတဲ့ ပြွန်ချောင်းသေးသေးလ...

သင့် နှလုံးအတွက် သတိထားသင့်သော ရောဂါလက္ခဏာများ

Image
Heart Attack ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရခင် တစ်လ လောက်အလိုမှာပြတတ်တဲ့ရောဂါလက္ခဏာတွေ ကြိုတင်သိထားနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း - ပင်ပန်း တယ်ဆိုတာမျိုးက ပုံမှန်လိုဖြစ် လေ့ရှိပေမယ့် နေ့စဉ်ပြုလုပ်နေကျကိစ္စတွေလုပ်ရင်း သိသိသာသာ ထူးထူးခြားခြားကြီးကို တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နုံးချည့်နွမ်းနယ်နေရင် သတိထား ဖို့လိုလာပါပြီ။ အသက်ရှူကျပ်ခြင်း - နှလုံးတိုက် ခိုက်မခံရခင်မှာ လူတိုင်းလိုလိုကြုံ ရတာက အသက်ရှူကျပ်လာတာ ပါ။ အဆုတ်က လိုအပ်တဲ့သွေး မရတဲ့အတွက် သွေးကြောတွေ ပိတ်လာကာ အသက်ရှူကျပ်လာ တာမို့ ဒီလိုထူးခြားတဲ့ ခံစားမှုရ တာနဲ့ ဆရာဝန်ဆီကို အမြန်ဆုံး သွားပါ။ ရင်ဘတ်တစ်ခုလုံးတင်းကျပ်၊ နာကျင်ခြင်း - နောက်ထပ်သိသာ တဲ့ လက္ခဏာတစ်ခုက ရင်ဘတ် တစ်ခုလုံး တင်းကျပ်နာကျင်လာ ပြီး တစ်ခါတစ်ရံမှာ လက်မောင်း တွေ၊ လည်ချောင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျောနဲ့ အစာအိမ် တွေတင်းပြီး နာကျင်တာမျိုးတွေ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ် လေ့ရှိပါတယ်။ မောပန်းခြင်း - ကြွက်သားတွေဆီ သွေးအလုံအလောက်မရတဲ့အခါ မှာ အားနည်းပြီး မောပန်းတ...

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အသိပညာရပ် (၅) မျိုး

Image
၁ ။ကျန်းမာရေးအသိပညာ ကျန်းမာရေးက အရေးကြီးပါပဲ လူတစ်ယောက်က ဘဝမှာ ကျန်းကျန်းမာမာနေထိုင်ဖို့လိုပါတယ် ဒီအတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာဟာ အင်မတန်အရေးကြီးပါတယ် ။ ဘယ်လိုနေရမယ် ဘယ်လိုစားသောက်ရမယ်ဆိုတာ သိထားဖို့လိုသလို လက်တွေ့ကျင့်ကျန်နေထိုင်ဖို့လဲလိုပါတယ် ။ ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိနေဖို့လိုပါတယ်။ ဘဝမှာ ကျန်းမာရေးမကောင်းရင် ကျန်တဲ့အချက်တွေက အလကားဖြစ်သွားတတ်သလို ပျော်ရွှင်မှုဆိုတာလဲ ကျန်းမာခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ် ။ ဒါကြောင့်သင်က ကျန်းမာစွာနေထိုင်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေသင့်မှာရှိနေဖို့လိုပါတယ် ။ ၂ ။လူမှုဆက်ဆံရေးပညာ လူတွေက တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံပြီးနေထိုင်ကြရပါတယ်။ တစ်ယောက်ထဲရပ်တည်လို့ မရပါဘူး ။ လူတစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ်ပြီးနေထိုင်ကြရပါတယ်။ လူတွေနဲ့ပေါင်းသင်းတဲ့အခါ အဆင်ပြေနေဖို့ရာ ပေါင်းသင်းဆက်ဆံရေးပညာက အဆင်မတန်အရေးကြီးသွားပါပြီ ဟိုလူနဲ့အဆင်မပြေ ဒီလူနဲ့မတည် ဖြစ်နေလို့မရပါဘူး။ လူတွေနဲ့အလိုက်အထိုက်ပေါင်းသင်းတတ်ဖို့လိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်နေဖို့လိုပါတယ် ။ ၃ ။ အသက်မွေးဝမ်းကြောင်းပညာ ဒါ...

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

Image
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...

တင်သားထွက်ဖို့ ဘာဆေးသောက်မလဲ

Image
တင်သားထွက်ဖို့ ဘာဆေးသောက်မလဲ တင်သားက အမျိုးသမီးတယောက်ရဲ့ အလှလို့ ဆိုကြပါတယ်။ ဒီနေ့ခေတ် gym တွေ ခေတ်စားလာတော့ အမျိုးသမီးတွေ ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ တင်သားထွက်အောင် ဦးစားပေးလုပ်ဆောင်လာကြတာတွေ့ရတယ်။ မိန်းကလေးတယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားလှပမှု တနည်းအားဖြင့် တင်သား ရှိ၊မရှိ ဆိုခြင်းဟာ အစားအသောက်၊ မျိုးရိုး၊ ဟော်မုန်းတွေနဲ့ အဓိကသက်ဆိုင်တယ်။ မျိုးရိုးကို ဆရာဝန်တွေ ပြောင်းလဲလို့မရပါ။ အစားအသောက်ကတော့ ကိုယ်တိုင် လုပ်ဆောင်မှုဖြစ်တယ်။ ဟော်မုန်းကိုတော့ ဆရာဝန်လုပ်သူတွေက ပြောင်းလဲပေးနိုင်တယ်။ တင်သားထွက်ဖို့ သောက်ဆေး၊ လိမ်းဆေး အမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ maca root ပါတဲ့ဆေးတွေက အသုံးများတယ်။ maca root က ပီရူးနိုင်ငံက ထွက်တယ်။ ရင်သားတင်းရင်းစေတဲ့နည်းမှာ ဒီဆေးအကြောင်း ပြောခဲ့ဖူးတယ်။ နိုင်ငံခြားကလာတဲ့ လိမ်းဆေးတွေမှာ maca root အမြဲပါလေ့ရှိတယ်။ သောက်ဆေးအနေနဲ့လည်း သုံးတယ်။ နေ့စဉ် 500mg သောက်ပေးရတယ်။ အမှုန့်နဲ့လာတာလည်း ရှိတယ်။ အမှုန့်ကို ဖျော်ရည်အနေနဲ့သာမက စွပ်ပြုတ်မှာပါ ထည့်သောက်နိုင်တယ်။ ပြဿနာက ဘေးထွက်ဆိုးကျိုးရှိနေတာ။ 1-3 g ထိသောက်ရင် အသက်ရှုမြန်ပြီး၊ရင်တုန်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် က...

ဗိုက်ခေါက်အတွက် စူပါဖျော်ရည်

Image
ဗိုက်ခေါက်အတွက် စူပါဖျော်ရည် ဗိုက်အဆီအတွက် အလွန်ကောင်းတဲက စူပါဖျော်ရည် ဖြစ်ပါတယ်။ တစ်ခြား အဆီချဖျော်ရည်တွေထက် သာလွန်ထူးခြားတာက အင်တီအောက်စီးဒင့်ကြွယ်ဝတာ ဖြစ်တယ်။ ဆဲလ်တွေကို သန့်စင်စေတယ်။ ဒီထဲမွာ ပိုတက်စီယမ်၊ သံဓာတ်၊ကယ်စီယမ်၊ ဗီတာမင် စီ၊ ဒီ၊ ပရိုတင်းနဲ့ ကာဗိုဟိုကိဒရိတ် ကြွယ်ဝတယ်။ မနက် အိပ်ရာထ အစာ မစားခင် နေ့စဉ်သောက်ခြင်းဖြင့် မလိုတဲ့အဆီပိုတွေကို အကောငိးဆုံး ဖယ်ရှားပေးမှာဖြစ်တယ်။ ဘာလိုလဲ ? ********* ရေ - တဖန်ခွက် သံပုရာသီးရည် - ထမင်းစား (၁)ဇွန်း ပျားရည် - ထမင်းစား (၁)ဇွန်း ရှားစောင်းလက်ပပ်ရည် - ထမင်းစား (၃)ဇွန်း ဂျင်း - လက်တဆစ် ရေဖန်ခွက်တခုထဲကို ရှားစောင်းလက်ပပ် ထမင်းစား (၃)ဇွန်းစာထည့်ပါ။ ပြီးရင် ဂျင်းလက်တဆစ်စာကို ထောင်းပြီး သံပုရာရည် တဇွန်းစာ ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ တမိနစ္ထားပါ။ အအေးကြိုက်ရင် ရေခဲရေထည့်သောက်နိုင်တယ်။ နေ့စဉ် ပုံမှန်သောက်ခြင်းဖြင့် ခါးအဆီပိုတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ဒေါက်တာ အေးမင်းထူး

ရင်သားတင်းရင်းလှပနေချင်သလား

Image
ရင်သားတင်းရင်းလှပနေချင်သလား ရင်သားဟာ အမျိုးသမီးတယောက်ရဲ့ အလှအပမှာကော၊ စွဲဆောင်နိုင်စွမ်းအတွက်ပါ အရေးကြီးပါတယ်။အမျိုးသမီးအများစုဟာ အသက်အရွယ်ရလာတဲ့   အရေပြားရုန်းဆန့်နိုငိစွမ်းနည်းလာတာနဲ့အညီ  ရင်သားတွေ ပျော့တွဲအိကျလာတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသား သားသည်မိခင်တွေ၊အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူတွေမှာ လျှော့တွဲနေတာကို တင်းရင်းအောင် ဘယ်လိုပြုပြင်မလဲ။ နည်းသုံးနည်း ပထမနည်း- အလုပ်နည်းနည်းရှုပ်ပေမယ့် ထိရောက်တယ်။ သခွားသီး သုံးလုံးကိုယူပြီး အခွံခွာပါ။ blender ထဲထည့်ပြီး ရော ကြိတ်ပါ။ပြီးရင် ကြက်ဥနှစ်လုံး(အလယ်က အဝါနှစ်)ကိုပဲယူပြီး ရောပါ။ ထောပတ်တဇွန်းထည့်ပါ။ အဆိုပါအရောကို ရင်သားမှာလိမ်းပြီး နှိပ်ပေးရမှာ ဖြစ်တယ်။ လိမ်းပြီးတာနဲ့ အပေါ်က သန့်စင်တဲ့အဝတ်စတခုခုအုပ်ပြီး နာရီဝက်ထားပါ။ ပြီးရင် ရေအေးနဲ့သေချာဆေးပါ။ ကြက်ဥကပရိုတင်းဓာတ်ကြွယ်ဝပြီး အသားအရေပြန်ဖြည့်ပေးတယ်။ သခွားသီးက အသားအရေတင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဒီနည်းကို ရေမချိုးခင် နာရီဝက်အလိုမှာ လုပ်ပေးပြီး တပတ်တကြိမ်လုပ်ပေးရတယ်။ ဒုတိယနည်း- သံလွင်ဆီသုံးပြီး နှိပ်နယ်တာဖြစ်တယ်။ သံလွင်ဆီထဲမှာ အရေပြားအားဖြည့်တဲ့ ဖက်တီးအက်ဆစ်တွ...

အမြန်ဆုံး သုံးရက်နဲ့ ဝိတ်ချနည်း

Image
အမြန်ဆုံး သုံးရက်နဲ့ ဝိတ်ချနည်း ဒီနည်းနဲ့ ဝိတ်ချရင် သုံးရက်အတွင်း သုံးပေါင်ထက်မက ကျနိုင်တယ်။ စားသောက်ရမယ့်ရက်ကလည်း သုံးရက်တည်းသာ ဖြစ်တယ်။ ကစီဓာတ်က်ု လုံးဝလျှော့ချပြီး အသီးနဲ့ အသားကို အစားထိုးစားသောက်စေတာ ဖြစ်တယ်။  လေ့ကျင့်ခန်းမပါလို့ လိုက်လုပ်သူတွေ သဘောကျကြမယ်။  အာဟာရဓာတ်ကို ကယ်လိုရီ ၁၀၀၀ လောက်သာ ဝင်စေတယ်။ green tea လက်ဖက်စိမ်းရည် အမြဲသောက်ဖို့ လိုတယ်။ ရေကြိုက်သလောက် သောက်နိုင်တယ်။ ကျန်တာကတော့ ကြက်ဥကို အဓိကစားသောက်ရတာဖြစ်တယ်။ ပထမရက် မနက်စာ     - ကြက်ဥပြုတ် နှစ်လုံး၊ ခရမ်းချဉ်သီးနှစ်လုံး၊ Green tea တခွက် နေ့လည်စာ - ကြက်ဥအကာ နှစ်လုံး၊ ငါး လက်တဖဝါးစာ၊ Green tea တခွက် ညနေ        - ပန်းသီး ညစာ         - ခါကြက်ဥ၊ ပန်းမုန်လာ၊ မုန်လာထုပ်၊ ပဲသီးတောင့် အကြော်၊ Green tea တခွက် ဒုတိယရက် မနက်စာ    - ကြက်ဥပြုတ် နှစ်လုံး၊ ငှက်ပျောသီးနှစ်လုံး၊ Green tea တခွက် နေ့လည်စာ- ကြက်ဥအကာ နှစ်လုံး၊ကြက်သား လက်တဖဝါးစာ၊ Green tea တခွက် ညစာ        - ကိတ်(၁)ချပ်၊ နွားနို့တခွက် တတိယရက် မနက်စာ    - ကြက်ဥ...

ဆားဝက်ခြံပျောက်နည်း

Image
ဆားဝက်ခြံပျောက်နည်း ဒီနေ့ခေတ် လူတော်တော်များများမှာ ဆားဝက်ခြံ ပေါက်နေကြပါပြီ။ ဆယ်ကျော်သက်ကနေ အသက်ကြီးသူအထိ ဖြစ်နိုင်တယ်။ ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် အတေယ်ဒုက္ခပေးတယ်။  မျက်နှာလှအပကိုလည်း ဖျက်ဆီးနိုင်တယ်။ ဆားဝက်ခြံတိုင်းဟာ မွှေးညင်းပေါက်ပိတ်ဆို့ရာက ဖြစ်လာပါတယ်။ မွှေးညင်းပေါက်တွေက မွှေးညင်းနုထွက်တာ လူတိုင်းသိတယ်။ သို့သော် မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဂလင်းတခု ရှ်သေးတယ်။ အဆီဂလင်း(sebaceous gland)လို့ ခေါ်ပါတယ်။ အဆီဂလင်းရဲ့ တာဝန်က အဆီထုတ်ပေးတာဖြစ်တယ်။ အသားအရေခြောက်သွေ့သူတွေမှာ အစိုဓာတ်ထိန်းဖို့ sebum အဆီကို ထုတ်ပေးရတယ်။ သို့သော် ကံဆ်ုးတာတခုက ဝက်ခြံပေါက်သူ အများစုကလည်း အဆိုပါအဆီဂလင်းတွေမှာ ပိတ်ဆို့ခြင်းကြောင့် ဖြစ်နေပါတယ်။ အဆီဂလင်း ပိတ်ဆို့ရာက မွှေးညင်းပေါက်အခြေမှာ ဆဲလ်သေ၊ဖုန်နဲ့ ရောဂါပိုးမွှားစတာတွေ ခိုအောင်းလာရင် ဝက်ခြံထွက်လာပါတယ်။ အဆီဂလင်းပိတ်တဲ့အဆင့်ကို comedome လို့ခေါ်ပါတယ်။ တနည်းပြောရရင် အဆီဂလင်းပိတ်ရုံကလွဲလို့ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာသေးတာ comedome အဆင့်ပါ။ comedome နှစ်မျိုးရှိတယ်။ ပထမတမျိုးက အဆီက အရေပြားမွှေးညင်းအထွက်တွေမှာ လုံးဝ ပိတ်ဆို့တာမျု်းဖြစ်တယ်။ ဒါကို whi...

မိတ်ကပ်တွေအကြောင်း

Image
မိတ်ကပ်တွေအကြောင်း  မိတ်ကပ်သားပါတဲ့ ပစ္စည်းမှန်သမျှကို makeupလို့ ယေဘုယျ သုံးနှုန်းပါတယ်။  foundation, primer, base စတာတွေက  မိတ်ကပ်အမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။ foundation ဆိုတာ အသားအရည်ဖြူဝင်းလာအောင်သုံးတဲ့ မိတ်ကပ်အရည်တမျိုး ဖြစ်ပါတယ်။ base ကတော့ အသားအရေ ညီညာအောင် အောက်ကခံတဲ့ မိတ်ကပ်ဖြစ်ပါတယ်။ primer ကတော့ မိတ်ကပ်သားကြာရှည်ခံအောင် အောက်ခံလိမ်းရတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်တော့ concealer, blush, contouring, highlighter စတဲ့ပစ္စည်းတွေလည်း အရောင်ပါလို့ မိတ်ကပ်အမျိုးအစားထဲကို ထည့်လို့ရပါတယ်။ makeup foundation မိတ်ကပ်ရည်ကို foundation လို့ ခေါ်ပါတယ်။ အပြစ်အနာအဆာဖုံးကွယ်ဖို့နဲ့ အသားအရည် ဖြူဖွေးစေဖို့ အသုံးပြုကြတယ်။ foundation လိမ်းထားခြင်းဖြင့် အသားအရောင်က သိသိသာသာ ပြောင်းလဲသွားတယ်။ ဥပမာ ညိုတဲ့သူက foundation လိမ်းလိုက်ရင် ဖြူလာတယ်။ တကယ်တော့ မိတိကပ်ရောင်နဲ့ ပြောင်းလိုက်တဲ့ သဘောပါပဲ။ foundation မှာ cream, liquid , powder ဆိုပြီး အမျိုးမျိုး လာပါတယ်။ အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation လေးမျိုးရှိတယ်။ (၁) sheer cover makeup (၂) light cover makeup (၃) medium cover m...

တစ်လအတွင်း တင်ထွက်လာအောင်

Image
တစ်လအတွင်း တင်ထွက်လာအောင် တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချု်းအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။ တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်သားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမာ...

ဆံပင်တွေ ပြန်လည်သန်စွမ်းလာဖို့

Image
ဆံပင်တွေ ပြန်လည်သန်စွမ်းလာဖို့ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်းဟာ နှစ်ပေါင်းများစွာ အဖြေရှာရခက်တဲ့ ပြဿနာတခုဖြစ်ပါတယ်။ လူတော်တော်များများဟာ ဆံပင်ပေါက်နည်းအမျိုးမျိုးကို ရှာဖွေခဲ့ကြတယ်။ နောက်ပိုင်းမှာ ကောင်းမွန်တဲ့ နည်းတခုကို တွေ့ရှိခဲ့တယ်။ ဒီဆံပင်သန်နည်းဟာ အမျိုးသားရော အမျိုးသမီးပါ သုံးနိုင်တဲ့နည်းဖြစ်တယ်။ ပါဝင်ပစ္စည်း • သံလွင်ဆီ • ပျားရည်   • သစ်ဂျပိုးခေါက် သံလွင်ဆီကို အပူနည်းနည်းပေးပါ။ ပျားရည် ထမင်းစားဇွန်း (၁)ဇွန်း ထည့်ပါ။ သစ်ဂျပိုးခေါက် ထမင်းစားဇွန်း (၁)ဇွန်း ထပ် ထည့်ပါ။ အဆိုပါအရောကို ဆံပင်အခြေထိရောက်အောင် လိမ်းပြီး နှိပ်ပေးပါ။ (၁၅) မိနစ်ခန့် ထားပါ။ နှစ်ရက်အတွင်းမှာပဲ ဆံပင်သန်လာပြီး ဆံသားကျွတ်တာ သက်သာလာတယ်။ ရက်အနည်းငယ် ဆက်လက် သုံးစွဲရင်တော့ ထိပ်ပြောင်ခြင်းကိုပါ ကာကွယ်ပေးမယ်လို့ ဆိုတယ်။ ဒေါက်တာ အေးမင်းထူး

ဒူးခေါင်းမဲလို့ စိတ်မညစ်နဲ့

Image
ဒူးခေါင်းမဲလို့ စိတ်မညစ်နဲ့  ဒူး၊ တံတောင်စတဲ့နေရာတွေဟာ ပုံမှန်အားဖြင့်ကို မဲတတ်တယ်။ အကွေးအဆန့်နေရာဖြစ်တဲ့အပြင် အရေပြားက ထူနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒူးခေါင်းမဲတာ အတို၊အပြတ်ဝတ်ချင်တဲ့ မိန်းကလေးတွေအတွက် အတော် ဒုက္ခရောက်စေတယ်။ ဒူးမဲတာအတွက် သံပုရာသီးတလုံး၊ ဆော်ဒါနဲ့ နွားနို့လိုပါတယ်။ သံပုရာသီးတလုံးကို ထက်ခြမ်းခြမ်းပြီး အတွင်းသားနေရာမှာ နွားနို့နည်းနည်းထည့်ပါ။ ပြီးရင်အပေါ်က ဆော်ဒါမှုန့်နည်းနည်း ဖြူးပြီး ဒူး၊တံတောင် စတဲ့နေရာတွေကို စက်ဝိုင်းပုံ ပွတ်ပေးရမယ်။ ငါးမိနစ်ခန့် အရေပြားထဲစိမ့်ဝင်သည်ထိ သေချာပွတ်ပေးပါ။ အနည်းဆုံး သုံးနာရီကြာအောင် ထားပါ။ ညအိပ်ခါနီး ပြုလုပ်လို့လည်း ရတယ်။ မနက်မှာ သေချာဆေးပါ။ အာနိသင်ကောင်းချင်ရင် မနက်ပိုင်း olive oil or jojoba oil တမျိုးမျိုး လိမ်းပါ။ အထက်ပါအတိုင်း နှစ်ရက်တခါ ပြုလုပ်ပေးရမှာဖြစ်ပြီး အတိုအပြတ်ဝတ်ဖို့ ခက်နေတဲ့ ပျိုမေများအတွက် အထူးသင့်တော်တဲ့နည်းဖြစ်တယ်။ ဒေါက်တာ အေးမင်းထူး

အလွယ်ကူဆုံးနည်းတွေနဲ့ ဝက်ခြံကုရအောင်

အလွယ်ကူဆုံးနည်းတွေနဲ့ ဝက်ခြံကုရအောင် • ဆော်ဒါမှုန့် လက်ဖက်ရည်၂ဇွန်း၊သစ်ဂျပိုးခေါက်မှုန့် ၁ဇွန်း၊ရှောက်ရည် ဇွန်းတဝက်ကို ပျားရည် ထမင်းစားဇွန်း၅ဇွန်းနဲ့ရောပြီး လိမ်းပါ။ ၅မိနစ်နေရင် မျက်နှာသစ်ပါ။ ဒိအတိုငိး တရက်ခြားလုပ်ပါ။ • အုတ်ဂျုံမှုန့် တခွက်စာထဲကို ပျားရည်တဇွန်း၊သံပုရာရည်ဇွန်းတဝက်ထည့်ပြီး ရောမွှေပါ။ ပြီးရင် မျက်နှာတပြင်လုံးကို လိမ်းပါ။နာရီဝက်ထားပြီး ရေခပ်နွေးနွေးနဲ့ မျကိနှာသစ်ပါ။ အထက်ပါနည်းအတိုင်း တပတ်နှစ်ကြိမ်လုပ်ပါ။ (၂)လအတွင်း ထူးခြားလာတာတွေ့ရပါတယ်။ • နောက်တနည်းက မြေဆေးဆပ်ပြာ၊စန္ဒကူးမှုန့်နဲ့ နှင်းဆီရည်ကို အချိုးတူရောစပ်ပြီး မျက်နှာမှာ လိမ်းကျံပါ။ခြောက်သွေ့အောင်ထားပြီး ပြန်ခွာပါ။ အထက်ပါနည်းအတိုင်း တပတ်တကြိမ်လုပ်ပါ။ • ကြက်ဥအကာယူပြီး ပျားရည်၂ဇွန်း၊ဆော်ဒါတဇွန်း၊သံပုရာရည် ဇွန်းတဝက်ရောပြီး မျက်နှာကို လိမ်းကျံပါ။ မလိမ်းခင်ရေနွေးငွေ့ပေးပါ။ လိမ်းပြီး နာရီဝက်ကြာရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။ မကြာခင်ချောမွေ့လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။ • ရှေးကျတဲ့အလွယ်နည်းက ညစဉ် သွားတိုက်ဆေးပုံတာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်၊သခွားသီးစိတ်လည်း သုံးကြတယ်။ ကြက်ဥအကာ၊ပျားရည်နဲ့ နနွင်းလည်းသုံးတယ်။...

သင့်ဘဝကို လုံးဝပြောင်းလဲစေမယ့် အိမ်သုံးနည်းများ

Image
သင့်ဘဝကို လုံးဝပြောင်းလဲစေမယ့် အိမ်သုံးနည်းများ (၁) အမဲစက်အတွက် သံပုရာ သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ ဒါ့ကြောင့် မှဲ့ခြောက်နဲ့ မျကိနှာအမဲစက်တွေ သက်သာစေတယ်။ သံပုရာသီးလတ်လတ်ဆတ်ဆတ်ယူပြီး အရည်ညှစ်ပါ။ ရလာတဲ့ သံပုရာရည်ကို အမဲစက်နေရာမှာ ၁၅ မိနစ်ကြာ လိမ်းပါ။ ပြီးရင် ရေနဲ့ မျကိနှာပြန်သစ်ပါ။ အာနိသင်ပိုကောင်းချင်သေးရင် ကြက်ဥအကာ တဇွန်း၊ သံပုရာရည် တဇွန်း၊ နွားနို့ ဇွန်းတဝက်လောက် ရောပြီး သမအောင်မွှေပြီးမှ လိမ်းသင့်တယ်။ ၁၅ မိနစ်ကြာရင် ရေအေးနဲ့ ပြန်ဆေးပါ။ အသက်ကြီးပြီး တွန့်ကျတဲ့အသားအရေကို ပြန်လည်ပြုပြင်ဖိူြ ပျားရည်နဲ့ သံပုရာရည်ရောပြီး မျက်နှာကို လိမ်းပေးသင့်တယ်။ မိနစ်(၂၀)ထားပြီးရင် ရေနွေးနဲ့ ပြန်သစ်ရမယ်။ (၂) အသားအရေ ခြောက်သွေ့သူအတွက် coconut milk coconut အုန်းရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။ ကိုကိုးနက်က အစိုဓာတ်ထိန်းပြီး အသားအရေနူးညံ့စေတယ်။ အုန်းသီးစိမ်းကု် ခြစ်ပြီး အရည်ညှစ်ပါ။ coconut milk အုန်းနို့ ရလာတယ်။ ခြောက်သွေ့တဲ့ မျက်နှာမှာ မိနစ်(၂၀)ကြာထားပြီး ရေပြန်ဆေးချပါ။ အသားအရေခြောက်သွေ့သူကို ပြန်လည်စိုပြေလာစေပြီး sensitive skin အတွက်လည်း အသုံးဝင်ပါတယ်။ (၃) အသား...

Pityriasis alba မျက်နှာပေါ်က အဖြူကွက်

Image
Pityriasis alba မျက်နှာပေါ်က အဖြူကွက် ဆရာသမီးလက်နဲ့ရင်ဖတ်မှာ အဖြူကွက်တွေတွေ့လိုပါ။ ၆လလောက်ရှ်ပြီ။နည်းနည်းယားပါတယ်၊နောက်ပြီး အနီကွက်တွေလည်း ပေါက်လာတယ်။ မပျောက်တာလည်း နည်းနည်းကြာပြီ။ မိန်းကလေးဆိုတော့ ရှက်လို့လက်ရှည်လည်း မဝတ်ရဲဘူး။ ခရုသင်းဖြစ်မှာလည်း ဆိုးတယ်ဆရာ။ရောဂါကပျောက်မှာလားဆရာ၊ကုနည်းလည်း သိချင်ပါတယ်။ဆရာကြည့်ရအောင် ပုံပို့လိုက်ပါတယ်။ ပြန်ဖြေပေးပါနော်ဆရာ တခါက လူနာတယောက်လာပြတယ်။ အရေပြားအထူးကုဆီသွား ခရုသင်းလို့နာမည်တပ်၊စိတ်ဓာတ်ကျတဲ့ လူနာတယောက်က သတင်းစာ၊ဂျာနယ်တွေမှာ ဆောင်းပါးပင်တိုင်ရေးတဲ့ လူငယ်ဆရာဝန် စာရေးဆရာတယောက်ဆီ အားကိုးတကြီးလာပြရှာတယ်။ အမှန်တော့ သူဖြစ်တဲ့ရောဂါကလည်း ဒီလိုရောဂါပါပဲ။ ဒါကို အရေပြားဆရာဝန်က လွတ်သွားဟန်တူတယ်။ အဲဒီလူနာလည်း ၄လလောက် ဆေးစား၊ဆေးထိုးလို့ သက်သာသွားပါတယ်။ ဒါ့ကြောင့် မစိုးရိမ်ပါနဲ့။ အရေပြားရောဂါတွေက များတယ်။ တချို့က ကုရခက်တယ်။ ပျောက်ဖို့အချိ်န်ယူရတာလည်း ရှိပါတယ်။ နာမည်ဆိုတာတော့ မပြောပါနဲ့တော့။ လူနာကော၊ဆရာဝန်ကော ခေါင်းခြောက်လို့ပါ။ ဆရာဝန်ဆီမေးတဲ့အခါ စနစ်တကျမေးတာကောင်းတယ်။ အရေပြားရောဂါမှာ အခုလို ပုံပ်ု့လိုက်တာပိုကောင်းတယ်။ ရောဂါစဉ်းစားရာမှာ အထောက်အကူဖြစ်စေတယ...

ဆံပင် အကွက်လိုက် ဖြူခြင်း

Image
ဆံပင် အကွက်လိုက် ဖြူခြင်း ဆေးခန်းလာပြတဲ့ထဲမှာ poliosis ခေါ်တဲ့ ဆံပင်အကွက်လိုက်ဖြူခြင်းက ကုရခက်တယ်။လာပြတဲ့လူနာအများစုမှာ စိုးရိမ်စိတ် ကိုယ်စီရှိကြတယ်။ ဘာ့ကြောင့်ဖြစ်တာလဲနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲဆိုတဲ့မေးခွန်း နှစ်ခုက အမေးများတယ်။ ဘာ့ကြောင့်ဖြစ်လဲဆိုတာ ရှင်းပြဖို့ နောက်ခံအကြောင်းရင်းကို အရင်ရှာရပါတယ်။ ပထမဆုံးအနေနဲ့ ဆံပင်မှာဖြစ်လို့ ဆံသားအကြောင်း နားလည်ဖို့ လိုပါတယ်။ ဆံသားရဲ့အခြေမှာ hair follicle ခေါ်တဲ့ ဆံသားအမြစ်ရှိတယ်။ သာမန်လူတယောက်ဟာ ဆံပင်ပေါက်ပြီဆိုတာနဲ့ ဆံသားအခြေထဲကို melanin ဓာတ်က ရောက်နှင့်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆံပင်တွေက မဲနက်နေတာဖြစ်ပါတယ်။ ပြဿနာက ရောဂါတမျိုးမျိုး သို့မဟုတ် စိတ်ဖိစီးမှု တခုခုရှိတဲ့အခါ ဆံသားအမြစ်ထဲ ရောက်ရမယ့် အမဲရောင်ခြယ်ပစ္စည်း (melanin) တွေမရောက်တော့ဘဲ ဆံပင်ဖြူနေတတ်ပါတယ်။ ပုံမှန်အသက်ကြီးလို့ ဆံပင်ဖြူတာမျု်းက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူရင် သတိထားဖို့လိုပါတယ်။အထူးသဖြင့် ဆံပင်အကွက်လိုက်ဖြူတာမျိုးပါ။ ဆံပင်အကွက်လိုက်ဖြူတာကို ဆေးပညာလို poliosis ခေါ်ပါတယ်။ poliosis ကို poliosis circumscripta လို့လည်းခေါ်ပါတယ်။ circumscripta ဆိုတာ ...