ပျိုမေတို့အကြိုက် BB cream နဲ့ CC cream

ပျိုမေတို့အကြိုက် BB cream နဲ့ CC cream

BB cream နဲ့ CC creamက မိန်းကလေးတွေကြား အရမ်းပေါ်ပြူလာဖြစ်ပါတယ်။ ခရင်မ်နှစ်မျိုးလုံးက all on one ခေါ်တဲ့အာနိသင်မျိုးစုံပေါင်းထားတယ်။ တမျိုးထဲလိမ်းရုံနဲ့ တော်ရုံတန်ရုံ အရေပြားကို ထိန်းညှိပေးသလို  အပြင်ထသွားထလာ အခြေနေမျိုးမှာကောင်းတယ်။ သာမန်အရေပြားထိန်းသိမ်းရုံဆို BB creamလောက်နဲ့ လုံလောက်တယ်။ အဖုအပိန့်တွေရှိရင် CC creamက မမြင်ရအောင် ပိုကာကွယ်နိုင်၊ ဖုံးကွယ်ပေးနိုင်တယ်။

"BB" ဆိုတာ “beauty balm" ကိုပြောတာပါ။ တချို့က blemish balm လို့လည်း ခေါ်သေးတယ်။ မိပ်ကပ်ရောင်နည်းနည်းသမ်းတယ်။ BB သုံးရင် အရေပြားကာလာ သိပ်မတောက်ဘူး။ သာမန်ပဲ၊ အောက်ခံအရောင် ခပ်ဖျော့ဖျော့ဖြစ်တယ်။ အာနိသင်တွေက စုံတယိ။ အစိုဓာတ်ထိန်းတယ်။ နေလောင်ကာတယ်။ အရေပြားရင့်ရော်မှုကို ကာကွယ်ပေးတယ်။ serum, moisturiser, primer, foundation နဲ့ sunblock စတဲ့အာနိသင်တွေ တခုတည်း ပေါင်းထားတဲ့သဘောဖြစ်လို့ အချိန်ကုန်သက်သာတယ်။ အမဲစက်၊ အမာရွတ်ကွက်တွေကို ခပ်ပါးပါးဖုံးနိုင်တယ်။

CC creamရဲ့အဓိပ္ပါယ်က “color corrective" ဖြစ်ပါတယ်။ အရေပြားကာလာ မညီညာတဲ့အခါ အဓိကသုံးတယ်။ CC သုံးထားရင် မျက်နှာအရောင် နည်းနည်းသိသာတယ်။ အရေပြားအရောင်တောက်နေမယ်။ လင်းနေမယ်။ စိုနေမယ်။ သူလည်း BB လိုပဲ အစိုဓာတ်ထိန်း၊ နေလောင်ကာကွယ်ပြီးအရေပြားရင့်ရော်မှုကို တားဆီးပေးတဲ့ အာနိသင်တွေရှိတာပဲ။ SPF နေလောင်ဒဏ်ကာကွယ်ပေးနိုင်စွမ်းမှာ CCက အားသာတယ်။ ထပ် ပိုတာက ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတာဖြစ်တယ်။  ရေရှည်မှာ အသားပြားလျှော့ရဲတာ သူကကာကွယ်ပေးလိမ့်မယ်။

ယေဘုယျအားဖြင့် BB cream အများစုက ခြောက်သွေ့တဲ့အသားအရေနဲ့ ပိုသင့်တော်ပြီး
CC cream ကတော့ အဆီပြန် ဝက်ခြံပေါက်တဲ့အသားအရေမှာ ပိုကောင်းတယ်။ အသက်ကြီးရင့်သူ ၊မျက်နှာအရေးအကြောင်း နဲ့ ဝက်ခြံအဖုပိန့် တွေမှာ CC cream က သိသိသာသာ ပိုကောင်းတယ်။ သုံးထားပေမယ့် အဆီပြန်တာ သိပ်မရှိဘူး။ ဒါပေမယ့် အရေပြားမညီတဲ့အသားအရေမျိုးမှာ နှစ်ခုလုံးကfoundationလောက် သိပ်မဖုံးနိုင်ဘူး။

လိမ်းနည်း
cream လိမ်းတဲ့အခါ လက်ညှိုးလေးနဲ့ အသာတို့ပြီး မျက်နှာပြင်အနှံ့သုံးရတယ်။ မျက်ကွင်းညိုရင် မသိမသာ ပုပ်ပေးပါ။ သိပ်ဖိလိမ်းရင် အရေပြားမညီညာတာ ပိုသိသာလာနိိုင်တယ်။

အသားအရေအလိုက် ဘာသုံးမလဲ

• အဆီပြန်တဲ့ မျက်နှာ - Dr. Jart+ BB Dis-A-Pore Beauty Balm
(ကျယ်နေတဲ့အဆီဂလင်း၊ ချွေးဂလင်းတွေကို မသိသာအောင်ဖုံးပေးတယ်၊ ချွေးထွက်နည်းစေတယ်)

• အမဲစက်ဝက်ခြံများတဲ့ မျက်နှာ - Hydroxatone Anti-Acne CC Cream
(salicylic acid ပါလို့ အမဲစက်တွေကို ကောင်းကောင်းဖုံးနိုင်တယ်)

• အရေးအကြောင်းများတဲ့ မျက်နှာ - Guerlain Super Aqua-Serum BB Hydra+
(serum ပါလို့ အရေပြားကို တင်းရင်းစေပြီး ပါးရေတွန့်တာကို မသိမသာဖုံးပေးတယ်)

• သာမန်အသားအရေ- Yves Saint Laurent Forever Light Creator CC Primer
(အဆီဂလင်းကိုထိန်းညှိပြီး အရေပြားအရောင်တောက်ပစေတယ်၊ အသားလတ်လာစေတယ်)

• မဲတဲ့အသားအရေ - Shea Moisture CC Cram SPF 15
(မဲညစ်တဲ့အသားအရေကို ဖုံးကွယ်ပြီး ခပ်ပြေပြေတောက်ပလာစေမယ်၊ မဲတာသိပ်မသိသာဘူး၊ မျက်နှာပြင်မညီတဲ့အခါ ကာကွယ်ပေးလိမ့်မယ်)

• နေလောင်ကာကွယ်ချင်တယ်ဆိုရင် Marathonista Tinted Moisturizer SPF 40 က အကောင်းဆုံးဖြစ်ပါတယ်။

DD cream ဆိုတာလည်းရှိသေးတယ်။ နောက်ဆုံးပေါ်ဆေးပါ။ Dynamic Do-all creams လို့ ခေါ်တယ်။ လက်ရှိစျေးကွက်မှာ သိပ်ဟော့ဖြစ်တယ်။ တချို့သိချင်မှာသိမယ်။ အာနိသင်က AA, BB and CC ခရင်မ်သုံးမျိုးကို တမျိုးတည်းဖြစ်အောင် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။နောက်ပိုင်း DD cream တွေကို ပိုသုံးလာကြဖို့ ရှိတယ်။

ဒေါက်တာ အေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး