Hot
ကြာဆူးအတွက် ကုထုံး
- Get link
- X
- Other Apps
ကြာဆူးအတွက် ကုထုံး
ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။
လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆ်ုတဲ့ ယူဆချကိတွေလည်းရှိတယ်။ နှင်းခူနာရှိသူတွေဟာ သူများထက် ပိုဖြစ်နိ်ုင်တယ်။
phrynoderma ဆိုတာ တံတောင်ဆစ်၊ဒူးခေါင်း စတဲ့နေရာမှာ အဖုလေးတွေဖြစ်တာပါ။ မြန်မာတွေ သိတဲ့ ကြာဆူးက phrynodermaဖြစ်ပါတယ်။ toad skin ဖားအရေခွံနဲ့ တင်စားကြတယ်။ extensor surface မှာဖြစိတဲ့ follicular hyperkeratosis တမျိုးဖြစ်ပါတယ်။ ဗီတာမင် အေ ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေတတ်တယ်။ အရေပြားမှာသာမက မျက်စိမှာလည်း ဖြစိနိုင်တယ်။ Epidermal hyperkeratosis, follicular hyperkeratosis နဲ့ follicular plugging စသည်ဖြင့် အမျိုးမျိုးခေါ်တယ်။ keratin plug နဲ့ ပိတ်ဆ်ို့ပြီး keratotic papule ဖြစ်လာတယ်။ အသက် ၅-၁၅ နှစ်အတွင်းအါဖြစ်များတယ်။မျိုးရိုးနဲ့ သက်ဆ်ုင်တာရှားတယ်။တံတောင်ဆစ် နှစ်ဖက်လုံးတပြိုင်နက် ဖြစ်နိုင်တယ်။ တံတောင်၊ဒူးခေါင်း၊ တင်ပါးစတဲ့နေရာမှာ အညိူရောင် အဖုလေးတွေ တွေ့ရတယ်။ ရောဂါက ပ်ုဆိုးလာရင် ခန္ဓာကိုယ်နဲ့ မျက်နှာမှပါဖြစိနိ်ုင်တယ်။
B2,B3,B6 ချို့တဲ့ခြင်းနဲ့လည်းဆ်ုင်တတ်တယ်။ fatty acid ချို့တဲ့ခြင်းနဲ့လာည်း ဆိုင်ပါတယ်။
ကုသနည်း
vitamin A နဲ့ B ကို အသားဆေးထိုးပေးရတယ်။ လိမ်းဆေးတွေထဲမှာ keratolytic လိမ်းဆေးတွေ ပေးသင့်တယ်။ Vitamin A သောက်ဆေး 50,000–150,000 U ကို နေ့စဉ်ပေးရတယ်။ အနည်းဆုံး သုံးလတော့ ပေးသင့်တယ်။ အသည်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကြက်ဥအနှစ် စတာတွေ နေ့စဉ်စားပါ။ နေကြာဆီ၊ ဆူးပန်းဆီ ထမင်းစားဇွန်း(၂)ဇွန်း က်ု တရက် နှစ်ကြိမ်သောက်ပါ။ လိမ်းဆေးထဲမှာ salicylic acid ointment , tretinoin gel သို့မဟုတ် cream ကို ညစဉ်လိမ်းပါ။အရေပြားကြမ်းတမ်းတာအတွက် urea cream နေ့စဉ် သုံးကြိမ်လိမ်းပါ။
ကြာဆူးအတွက် ကုနည်းအမျိုးမျိုးရှိတယ်။ တချို့ဆေးခန်းမှာတော့ AHA ကိုသုံးကြမယ်။ ကျတော့်ဆေးခန်းမှာတော့ BHA(salicylic acid)ကို သုံးတယ်။ 5% salicylic acid နဲ့ 10% lactic acid က ကြာဆူးကုသရာမှာကောင်းတယ်။ သုံးပြီး ပထမလအတွင်း အာနိသင်အကောင်းဆုံးဖြစ်တယ်။ ၃ လပတ် အကြာမှာ သိသိသာသာသက်သာသွားမယ်။ lactic acid သုံးခြင်းဟာ အနံ့နံတာ၊ယားတာ ပူစပ်ပူလောင် ဖြစ်ကြတာရှိတယ်။ pulsed dye laser သုံးတာလည်းရှိတယ်။ treatment တကြိမ်ကနေ လေးကြိမ်ထိ သွားဖို့ လိုတယ်။
သဘာဝနည်း
အလွယ်ဆုံးအိမ်သုံးနည်းက ဆဲလ်သေတွေ ဖယ်ရှားဖို့ sea salt ဆားကြမ်းနဲ့ ပွတ်တာ ဖြစ်တယ်။ ဆားကြမ်းမှာ natural exfoliator အာနိသငိရှိတယ်။ ဆဲလ်သေပိတ်ဆို့မှု ဖယ်ရှားရုံမက အစိုဓာတ်ပါထိန်းပေးလိမ့်မယ်။ ဆားကြမ်း (၂)ဇွန်းနဲ့ ပျားရည် (၄)ဇွန်း ရောပြီး ကြာဆူးပေါက်တဲ့နေရာမှာ (၅)မိနစ်ကြာ ပွတ်ပါ။ ခပ်ဖွဖွသာပွတ်ပါ။ ပြီးရင် (၁၅)မိနစ်ထားပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ တချို့က coconut oil, jojoba oil စတာတွေပါ သုံးတယ်။ ဆပ်ပြာ သုံးတဲ့အခါ အနုစားဆပ်ပြာသာ သုံးရမယ်။ castile soap က အကောင်းဆုံးဖြစ်တယ်။
အစိုဓာတ်ထိန်းဖို့နဲ့ ခြောက်သွေ့နေတာတွေ သက်သာဖို့ ရှားစောင်းလက်ပပ် သို့မဟုတ် ထောပတ်သီးကို နေ့စဉ် သုံးသင့်တယ်။အနှစ်ကို ကြိတ်ပြီး မိနစ်(၃၀)ကြာထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ စိမ်းတဲ့အရွက်များများစားပါ။ အိုမီဂါသရီး များများသောက်ပါ။နေ့စဉ်
urea cream လိုအစိုဓာတ်ထိန်းဆေးလိုပါတယ်။ တချို့ကတော့ သုံးလအတွင်း သက်သာလာတယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...

Comments
Post a Comment