Hot
အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း
- Get link
- X
- Other Apps
အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း
အမျိုးသမီးတွေ သုံးစွဲကြတဲ့ တားနည်းအမျိုးမျိုးအနက် သုံးစွဲသူတွေစိတ်ချရပြီး အလုပ်ရှုပ်သက်သာတဲ့ တားနည်းတမျိုးက implanonခေါ်တဲ့ အရေပြားအောက်မှာထည့်ရတဲ့ တားဆေးချောင်းလေးဖြစ်ပါတယ်။ စိတ်အချရဆုံး တားနည်းတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတားနည်းက ၉၉ရာခိုင်နှုန်းမက စိတ်ချရတယ်။ ကလေးရနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်ထက်နည်းတယ်။ သုံးနှစ်အတွင်းကလေးရနိုင်ချေလေ့လာကြည့်တဲ့အခါ လူ၃၀၀၀မှာ တစ်ယောက်သာ ရှိတယ်။ implanonဆိုတာအမှန်တော့ progestogenဟော်မုန်း တမျိုးထဲပါဝင်တဲ့ တားဆေးမျိုးဖြစ်ပါတယ်။ implanon အချောင်းကို ethylene vinylacetate copolymerနဲ့ပြုလုပ်ထားတယ်။ implanon ထဲမှာ etonogestrel 68mgကို ထည့်သွင်းထားတယ်။တားနည်းတွေထဲမှာ အလုပ်ရှုပ်သက်သာတဲ့နည်း တခုဖြစ်လို့ လူကြိုက်များတယ်။ ၃လခံထိုးဆေးထက်သာတာက long-acting reversible contraception ကြာရှည်ခံပြီး ပြန်ထုတ်လိုက်ရင် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်တယ်။ လေ့လာမှုတချို့က IUCDသားအိမ်တွင်းပစ္စည်းထည့်ခြင်း၊IUSနဲ့ sterilisation သားကြောဖြတ်ခြင်း တို့ထက် ပိုစိတ်ချရတာလို့ ဆိုပါတယ်။
Implanon ဆိုတာ
progestogenဟော်မုန်း ထည့်ထားတဲ့ ပြွန်ချောင်းသေးသေးလေးဖြစ် ပါတယ်။ ကွေးနိုင်ဆန့်နိုင်ပြီး အရွယ်အစား 4cm(တလက်မခွဲ) လောက်သာ ရှိတယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေးပေးပြီး ထည့်ပေးရတယ်။ ထည့်ပြီးတာနဲ့ progestogenဟော်မုန်းကို နည်းနည်းချင်းစီ စထုတ်ပေးတယ်။ အာနိသင်က မျိုးဥမကြွေအောင် တားဆီးပေးတယ်။ သားအိမ်ဝမှာ အကျိအချွဲများစေတယ်။သုတ်ကောင်(sperm)မဝင်ရောက်အောင် လုပ်ပေးတာဖြစ်ပါတယ်။ သားအိမ်အတွင်းနံရံကိုလည်း ပါးလွှာစေတယ်။တနည်းအားဖြင့် သန္ဓေသားက ပါးတဲ့နံရံမှာ မတွယ်ကပ်နိုင်အောင် ကာကွယ်ပေးတယ်။
အားသာချက်
-တားဆေးနည်းထဲမှာ စိတ်အချရဆုံးဖြစ်ပါတယ်။
-တခါထည့်ထားရင် သုံးနှစ်ခံတယ်။
-နို့တိုက်မိခင်တွေလည်း အသုံးပြုနိုင်တယ်။
-ရာသီသွေးအဆင်းများသူတွေနဲ့ သင့်တော်တယ်။
-အီစတိုဂျင်ဟော်မုန်း မပါဝင်လို့ ဘေးထွက်ဆိုးကျိုးပိုနည်းတယ်။
-အရေပြား အောက်ထည့်ပြီးတာနဲ့ အာနိသင်ချက်ချင်းရလာတယ်။
-ပြန်ထုတ်ပြီးတာနဲ့ ကလေးပြန်ရနိုင်တယ်။
-အများစုဟာ ၁လခွဲအတွင်း မျိုးဥပြန်ကြွေတယ်။
အားနည်းချက်
-သုံးစမှာ ရာသီမမှန်တာ၊တစက်စက်ဆင်းတာ ရှိနိုင်တယ်။
-သုံးစွဲသူ အမျိုးသမီး၅ယောက်မှာ ၁ယောက်ဟာ ရာသီထိန်တာ ရှိမယ်။
-implantထည့်တဲ့နေရာက နာနေ၊ရောင်နေနိုင်တယ်။
-ပိုဆိုးတာက ဝလာနိုင်တယ်။
-ဝက်ခြံပေါက်တာ၊ခေါင်းကိုက်တာရှိနိုင်တယ်။
-ရင်သားတင်းနာတာ၊စိတ်မူပြောင်းတာ ဖြစ်နိုင်တယ်။
-သားဥအိမ်မှာ အိတ်သေးလေးတွေ ဖြစ်တတ်တယ်။
-လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်ဘူး။
ထည့်နည်းအဆင့်ဆင့်
ကိုယ်ဝန်တားဆေးချောင်းထည့်ဖို့ မိနစ်ပိုင်းသာကြာတယ်။ implannonကို အပေါ်လက်မောင်းရဲ့အတွင်းဖက်နေရာ(bicepနဲ့ triceps ကြွက်သားကြား)မှာ ထည့်ပေးရတယ်။ အရင်ဆုံး ထည့်မယ့် လက်မောင်းနေရာမှာ ပိုးသတ်ပေးရတယ်။ ပြီးရင် ထုံဆေးသုံးမယ်။ လက်မောင်းအတွင်းဖက် လက်တောင်ဆစ်အပေါ်ဖက် 8-10cmလောက်မှာ အမှတ်ပေးထားရတယ်။ အမှတ်ပေးထားတဲ့နေရာမှာ implanonတပ်ထားတဲ့ applicatorကို အရေပြားအောက် အပ်အဆုံးထိဝင်အောင် ထိုးသွင်းပေးရတယ်။ ပြီးရင် applicatorရဲ့ အပေါ်ဖက်မှာ ရှိတဲ့ obturator supportကို ဖိပြီး လက်ကိုင်ကို unlockဖြစ်အောင်လုပ်ပါ။ obturatorကို ၉၀ဒီဂရီ လှည့်ပြီး ဖွင့်ပေးရတယ်။ ပြီးရင် လက်တဖက်နဲ့ obturatorကို fixဖြစ်အောင် ထိန်းပြီး cannula ရှိတဲ့အပိုင်း ရိုးတံကို အခြားလက်တဖက်နဲ့ ဖြည်းဖြည်းချင်းပြန်နုတ်ပေးရတယ်။ နုတ်နေစဉ် လက်မောင်းထဲမှာ အချောင်းငယ်ရှိ၊မရှိတခါတည်း စစ်ပေးရတယ်။ ကောင်းတာက လူနာကိုပါ တခါတည်း စပ်သပ်ခိုင်းတယ်။ ပြီးရင် ထည့်ထားတဲ့အရေပြားကို sterile gauzeနဲ့ဖုံးထားပေးပြီး ပတ်တီးစည်းပေးထားရတယ်။ အရောင်သက်သာအောင် elastic bandageကို သုံးနိုင်တယ်။ ထည့်ပြီးစ ၁-၂ရက် နာနေ၊ရောင်နေနိုင်တယ်။ သိပ်မကြာခင် သက်သာသွားမယ်။ နောက်ပိုင်းထည့်မှန်း မသိတော့ဘူး။ ၃-၄ရက်နေရင် ပတ်တီးဖြည်ထားနိုင်တယ်။
ဘယ်အချိန်ထည့်မလဲ
Implanonကို ရာသီပေါ်ပြီး ၅ရက်အတွင်း ထည့်ပေးနိုင်တယ်။ ရာသီ ၅ရက်နောက်ပိုင်းထည့်ရင် အကာအကွယ်တားနည်းတခုခုကို တစ်ပတ်လောက် သုံးပေးသင့်တယ်။ ကလေးမွေးပြီး ၃ပတ်ကစပြီး ထည့်လို့ရတယ်။
ကိုယ်ဝန်ပျက်ပြီးရင် ချက်ချင်းထည့်ပေးနိုင်တယ်။ လေ့လာမှုတွေအရ လူ၁၀ယောက်မှာ ၁ယောက်ဟာ ဘေးထွက်ဆိုးကျိုးကြောင့် implant ဆက်မသုံးကြတော့ဘူး။ အဓိက ဆိုးကျိုးက ရာသီသွေးလုံးဝမပေါ်ပဲ ထိန်သွားနိုင်တယ်။ ဆေးချောင်းထည့်စ တနှစ်အတွင်း ရာသီမမှန်တာ ရှိနိုင်တယ်။ဝိတ်တက်လာနိုင်တယ်။ အမျိုးသမီးလူနာ ၉၄၂ယောက်ကို လေ့လာကြည့်တဲ့အခါ ၁၁.၁ရာခိုင်နှုန်းဟာ ရာသီသွေးဆင်းချိန်ပြောင်းလဲသွား၊ရာသီထိန်သွားလို့ ဆက်လက်မသုံးစွဲကြတော့ဘူး။ ၂.၃ရာခိုင်နှုန်းဟာ ဝိတ်တက်လာလို့ ဆက်သုံးဖို့ ငြင်းပယ်ကြတယ်။ဒါ့ပြင် Implanonသုံးနေစဉ် ကိုယ်ဝန်ရလာရင် ectopic pregnancy (သားအိမ်ပြင်ပ သန္ဓေတည်) တာမျိုး ဖြစ်နိုင်တယ်။
ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
-ရင်သားတင်းခြင်း
-ခေါင်းမူး၊ခေါင်းကိုက်ဖြစ်ခြင်း
-ဝက်ခြံထွက်ခြင်း
-ဆံပင်ကျွတ်ခြင်း
-ကြားရက် သွေးတစက်စက်ဆင်းခြင်း
-ထည့်တဲ့နေရာ ထုံကျင်၊ကိုက်ခဲ၊ပိုးဝင်ခြင်း
မသုံးစွဲသင့်သူများ
-အကြောင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းနေသူ၊
-အရင်က သွေးကြော၊သွေးခဲပိတ် ရောဂါအခံရှိသူ၊
-အသည်းရောဂါရှိသူ၊
-SLE ခုခံအားရောဂါရှိသူ၊
-ရင်သားကင်ဆာမျိုးရိုးရှိသူမှာ မသုံးစွဲသင့်ဘူး။
တီဘီဆေး၊အိတ်အိုင်ဗွီဆေး၊အတက်ပျောက်ဆေး၊St John's wort လို enzyme inducing drug သုံးစွဲနေသူတွေမှာ အထူးဂရုပြုရတယ်။ မသေချာရင် ကွန်ဒုံးလို အကာအကွယ်ပစ္စည်းထည့်သုံးပေးသင့်တယ်။ ကောင်းတာက တခြားနည်းတမျိုးမျိုး ပြောင်းလဲသုံးစွဲသင့်တယ်။ ခွဲစိတ်ဖို့လိုအပ်သူတွေမှာ ဆရာဝန်ကို ကြိုတင် အသိပေးထားသင့်တယ်။ ပုံမှန်အားဖြင့် ထုတ်ဖို့မလိုအပ်ပါဘူး။
Implant သီအိုရီ ဘယ်ကစသနည်း
အရေပြားအောက်ထားပြီး ကိုယ်ဝန်တားနိုင်မယ့် implantနည်းကို စီလီကွန်ပေါ်ကာစ ၁၉၄၀လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့ကြတယ်။၁၉၆၆မှာ Dziuk and Cook က ဟော်မုန်းထွက်စေမယ့် သန္ဓေတားဆေးချောင်းသီအိုရီကို ဖော်ပြခဲ့ကြတယ်။အဲဒီနောက်ပိုင်းမှာ norplantခေါ်တဲ့ အချောင်း(၆)ချောင်းပါ ပထမဆုံးသန္ဓေတားဆေးချောင်းတွေ ပေါ်ပေါက်လာတယ်။ နိုင်ငံတကာမှာ ၁၉၈၃ကတည်းက စတင်သုံးစွဲခဲ့ပြီး ယူကေနဲ့အမေရိကားစျေးကွက်ကို ၁၉၉၃မှာ ရောက်တယ်။၂၀၀၂မှာ အမေရိကားစျေးကွက်က ပြန်လည်ရုတ်သိမ်းခဲ့တယ်။ Norplant ပြီးတဲ့နောက်မှာ စီလီကွန်ချောင်းနှစ်ခုပါတဲ့ Jadelle (Norplant II)ဆိုတာ ထပ်ပေါ်လာပြန်တယ်။ levonorgestrelဟော်မုန်း ကိုထည့်ထားတယ်။ အာရှနဲ့ အာဖရိကမှာ အဓိကသုံးစွဲခဲ့ကြတယ်။ နောက်ပိုင်းမှာဘေးထွက်ဆိုးကျိုးပိုနည်းနိုင်မယ့် etonogestrelဟော်မုန်းပါဝင်တဲ့ တားဆေးချောင်းကို သုံးလာကြတယ်။ Implanonကို အင်ဒိုနီးရှားမှာ ၁၉၉၈ခုနှစ်မှာ စတင်သုံးစွဲခဲ့တယ်။ ၂၀၀၃မှာ နိုင်ငံပေါင်း ၆၀ကျော် လက်ခံသုံးစွဲလာကြတယ်။၂၀၀၆ရောက်မှ အမေရိကားမှာလည်း လက်ခံသုံးစွဲလာခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ဇန်နဝါရီကစပြီး အမေရိကားမှာ implanonကို စျေးကွက်မတင်သွင်းတော့ဘူး။ implanonနေရာမှာ ထည့်ရ ပိုမိုလွယ်ကူလာတဲ့ nexplanon ကိုသာ သုံးစွဲတော့တယ်။ အားသာချက်က nexplanon ကြောင့် ထည့်ရတာပိုမိုလွယ်ကူလာပြီး နေရာတကျပိုဖြစ်နိုင်တယ်။ အမှန်တော့ နှစ်မျိုးလုံးမှာ ပါဝင်တဲ့ဟော်မုန်းချင်းက အတူတူပါပဲ။ ပိုလာတာက nexpalnonရဲ့အလယ်အူတိုင်မှာ barium sulfate 15 mg ပါဝင်တဲ့ သတ္တုတမျိုးကို ထည့်သွင်းထားတယ်။ bariumပါဝင်လို့ ရှိတဲ့နေရာကို X-rayဓာတ်မှန်ရိုက်ပြီး အလွယ်တကူသိရှိနိုင်တယ်။ဒါ့ပြင် barium sulfateက လူကိုဒုက္ခမပေးလို့ စိုးရိမ်ဖို့မလိုအပ်ပါဘူး။ တခြားနိုင်ငံတွေမှာတော့ implanonကို ဆက်လက်သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာတော့ အမျိုးသမီးပေါင်း ၁၁သန်းကျော်ဟာ အရေပြားအောက်ထည့်ရတဲ့ ကိုယ်ဝန်တားနည်းကို လက်ခံသုံးစွဲနေကြတာ တွေ့ရပါတယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...
ကြာဆူးအတွက် ကုထုံး
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

Comments
Post a Comment