Pityriasis alba မျက်နှာပေါ်က အဖြူကွက်

Pityriasis alba မျက်နှာပေါ်က အဖြူကွက်

ဆရာသမီးလက်နဲ့ရင်ဖတ်မှာ အဖြူကွက်တွေတွေ့လိုပါ။ ၆လလောက်ရှ်ပြီ။နည်းနည်းယားပါတယ်၊နောက်ပြီး အနီကွက်တွေလည်း ပေါက်လာတယ်။ မပျောက်တာလည်း နည်းနည်းကြာပြီ။ မိန်းကလေးဆိုတော့ ရှက်လို့လက်ရှည်လည်း မဝတ်ရဲဘူး။ ခရုသင်းဖြစ်မှာလည်း ဆိုးတယ်ဆရာ။ရောဂါကပျောက်မှာလားဆရာ၊ကုနည်းလည်း သိချင်ပါတယ်။ဆရာကြည့်ရအောင် ပုံပို့လိုက်ပါတယ်။ ပြန်ဖြေပေးပါနော်ဆရာ

တခါက လူနာတယောက်လာပြတယ်။ အရေပြားအထူးကုဆီသွား ခရုသင်းလို့နာမည်တပ်၊စိတ်ဓာတ်ကျတဲ့ လူနာတယောက်က သတင်းစာ၊ဂျာနယ်တွေမှာ ဆောင်းပါးပင်တိုင်ရေးတဲ့ လူငယ်ဆရာဝန် စာရေးဆရာတယောက်ဆီ အားကိုးတကြီးလာပြရှာတယ်။ အမှန်တော့ သူဖြစ်တဲ့ရောဂါကလည်း ဒီလိုရောဂါပါပဲ။ ဒါကို အရေပြားဆရာဝန်က လွတ်သွားဟန်တူတယ်။ အဲဒီလူနာလည်း ၄လလောက် ဆေးစား၊ဆေးထိုးလို့ သက်သာသွားပါတယ်။ ဒါ့ကြောင့် မစိုးရိမ်ပါနဲ့။

အရေပြားရောဂါတွေက များတယ်။ တချို့က ကုရခက်တယ်။ ပျောက်ဖို့အချိ်န်ယူရတာလည်း ရှိပါတယ်။ နာမည်ဆိုတာတော့ မပြောပါနဲ့တော့။ လူနာကော၊ဆရာဝန်ကော ခေါင်းခြောက်လို့ပါ။ ဆရာဝန်ဆီမေးတဲ့အခါ စနစ်တကျမေးတာကောင်းတယ်။ အရေပြားရောဂါမှာ အခုလို ပုံပ်ု့လိုက်တာပိုကောင်းတယ်။ ရောဂါစဉ်းစားရာမှာ အထောက်အကူဖြစ်စေတယ်။

လက္ခဏာနဲ့ သွင်ပြင်က ခရုသင်းနဲ့တူပေမယ့် တကယ်က မဟုတ်ပါ။ Pityriasis alba ဆိုတာ ဖြစ်တယ်။ ရေတို၊ရေရှည် နှစ်မျိုး ရှိတယ်။ ဒီရောဂါ ဘာ့ကြောင့်ဖြစ်လဲ သေချာမသိပါ။ ခုခံအားတုံ့ပြန်မှု၊ဟော်မုန်းနဲ့တော့ ဆိုင်တာသ်တယ်။ မိုပိုးရောဂါနဲ့လည်း တွဲတတ်တယ်။ estrogen -progestone လိုမျိုး၊chemoဆေးတွေကြောင့် ဖြစ်တတ်တယ်။ ဗိုင်းရပ်( CMV,HIV,Epstein )တွေကြောင့် ဖြစ်နိုင်တယ်။ သိတာတခုက ခုခံအား T cell ရဲ့တုံ့ပြန်မှုကို အရေပြားကခံရတယ်။ ဒါ့ကြောင့် ဖြစ်တာကြာပြီး၊ပျောက်တာလည်း မမြန်ဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ တချို့က လပိုင်းအတွင်းပျောက်တယ်၊အနည်းစုက နှစ်ချီကုရတယ်။ ရောဂါက vitiligo ခရုသင်းနဲ့မှားတတ်တယ်။

ကုသနည်းတွေ ရှိတယ်။ အဓိကအားဖြင့် စတီးရွိုက်လိမ်း(Topical corticosteroids)လိမ်းပြီး နေရောင်ပြရတယ်။ အကွက်ကကြီးရင် psoralen လိုဆေးပေးပြီး အလင်းရောင်(UV A)ပြရတယ်။  အနာလို၊သွေးခြေဥသလို အရေပြားခြောက်သွေ့တာအတွက် ပိုးသတ်ဆေးထပ်ပေးရတယ်။ erythromycin 500 mg ၂-၄ကြိမ်(သို့)tetracycline 500 mg ၂-၄ကြိမ် ၃လသောက်ပါ။ အရေပြားရောင်ရင် သူတို့ကပိုကောင်းတယ်။minocycline 100 mg ၂ကြိမ်ပေးလို့လည်း ရတယ်။ ulceronecrosis ကိုသက်သာစေဖို့ဖြစ်ပါတယ်။

ဒါမှ မသက်သာသေးရင် tacrolimus လိမ်းဆေးလိမ်းပါ။ methotrexate 10-25mg အပတ်တိုင်းထိုးပါ။ အဖြူကွက် ကြီးရင် စတီးရွိုက်သောက်ဆေး prednisolone 60mg ၅ရကိ၊40mg ၅ရကိ၊20mg ၅ရကိပေး ဖြည်းဖြည်းချင်းဆေးပြန်ဖြတ်ရတယ်။ နောက်ဆုံးနည်းက ပိုးပြင်းတယ်။ psoralen ဆေးလိမ်း၊ ခပ်ပြင်းပြင်းနေရောင်(နေ့လည်)မှာ ultraviolet A ပြရတာဖြစ်တယ်။ ဒါကသိပ်ဆိုးမှပါ။ ပုံမှန်အားဖြင့် မလိုဘူး။

သောက်ဆေးတွေထဲမှာ ginkgo biloba 40-80mg တနေ့ သုံးကြိမ် သောက်ပါ။ ginger cap 250mg တနေ့သုံးကြိမ်သောက်ပါ။ zinc , vit B12,vit C, chromium အားဆေး တနေ့နှစ်ကြိမ်သောက်ပါ။ garlic oil ဆေးသောက်ပါ။ရေများများသောက်ပြီး နေများများပြပါ။ ရှက်ပြီး လက်ရှည်တွေဝတ်တာ မှားတယ်။ ဒီလိုမလုပ်ပါနဲ့။

အရပ်သုံးနည်း၊ အိမ်သုံးနည်းတွေလည်း ရှိတယ်။ နနွင်း တဇွန်းနဲ့ မုန့်ညှင်းဆီ ရော၊တနေ့နှစ်ကြိမ်လိမ်းရင် အရေပြားအဖြူကွက်တွေကို ပျောက်ကင်းစေသတဲ့။ အာနိသင်ကောင်းအောင် ဂျင်းကို အနေတော်လှီးပြီး ခုနကဆေးကို အရေပြားထဲစိမ့်အောင် လိမ်းပေးရင် တနှစ်အတွင်း ထူးခြားပါလိမ့်မယ်တဲ့။သို့သော် ဒီနည်းတွေက သိပ္ပံနည်းကျမဟုတ်လို့ ပျောက်ချင်မှ ပျောက်ပါမယ်။ ဆောရီး..။

အရေပြားရောဂါတွေကုတဲ့အခါ ဆရာဝန်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့ နဲ့ စိတ်ရှည်ဖို့ လိုပါတယ်။  ပျောက်ကင်းနိုင်တဲ့ရောဂါကို ပျောက်အောင်ကုသဖို့လည်း ယုံကြည်ချက်ရှိရမယ်။ တချို့ပျောက်ဖို့ ကြာတာလည်းရှိကောင်းရှိမယ်။ အထူးသဖြင့် မိန်းကလေးတွေ စိတ်ရှည်သီးခံပါခင်ဗျာ။

ဒေါက်တာ အေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး