မျက်နှာပေါ်က ဆားဝက်ခြံပျောက်နည်း

မျက်နှာပေါ်က ဆားဝက်ခြံပျောက်နည်း

ဆားဝက်ခြံက မွှေးညှင်းပေါက်ကျယ်သူတွေမှာ အများဆုံး တွေ့ရတယ်။ မွှေးညင်းပေါက်အဝမှာ ပိတ်ဆို့တာမို့ အဆီနဲ့ ဆဲလ်သေတွေက လေနဲ့ ဓာတ်ပြုပြီး မည်းသွားတယ်။ ဒါ့ကြောင့် blackhead လို့ ခေါ်တာပါ။ whitehead တွေကျတော့ အဆီဂလင်းများသူမှာ အဓိကဖြစ်တယ်။ အတွင်းပိုင်းမှာ ပိတ်ဆို့တာမို့ အလုံပိတ်အခန်းလိုဖြစ်နေတယ်။ မြုံနေတဲ့အပိုင်းက လေနဲ့ဓာတ်မပြုနိုင်ဘူး။ အပြင်က အဆီဖုလေးတွေသာ မြင်နေရတယ်။ အဆီဝက်ခြံသဘောကမျက်နှာအဆီပြန်သူ ပိုဖြစ်တယ်။  ဟော်မုန်းအပြောင်းအလဲမှာဖြစ်လေ့ရှိပါတယ်။ အဆီအဆိမ့် စားသူတွေ ပိုတွေ့ရတယိ။အထူးသဖြင့် နဖူး၊ပါးပြင်၊ မေးစေ့ စတဲ့နေရာတွေမှာ အဆီဝက်ခြံ ထွက်လေ့ရှိတယ်။

ဆားဝက်ခြံကို ဘယ်လိုလုပ်မလဲ
(၁) မျက်နှာသစ်ဆေး
Salicylic acid, glycolic acid နဲ့ lactic acid သုံးမျိုးပါတဲ့ Salcee wash မျက်နှာသစ်ဆေးသုံးပါ။ ဝက်ခြံ အဖုအကျိတ်တွေအတွက် tea tree oil ပါတဲ့ မျက်နှာသစ်ဆေးသုံးနိုင်တယ်။ စျေးကွက်မှာ ရွှေရောင်မျက်နှာသစ်ဆေး cutishine wash နာမည်နဲ့ ရတယ်။ ရေခပ်နွေးနွေးနဲ့ မျက်နှသစ်ပါ။ Salcee သို့ cutishine မျက်နှာသစ်ဆေးတွေ သုံးတဲ့အခါ စက်ဝိုင်းပုံလိမ်းပြီး မျက်နှာမှာ စက္ကန့်(၃၀)ထားပါ။ ပိတ်ဆို့နေတဲ့ ဆဲလ်သေဖယ်ရှားတဲ့အတွက် ၂ပတ်အတွင်း သိသိသာသာ သက်သာလာတယ်။

(၂) လိမ်းဆေး
လိမ်းဆေးတွေထဲမှာ benzoyl peroxide 5% သို့ salicylic acid 2% ပါတာတမျိုးမျိုးသုံးသင့်တယ်။ Benzac Ac gel သို့မဟုတ် Sebogel စတဲ့နာမည်တွေနဲ့ ရနိုငိတယ်။ Sebogel က SA2% ပါတဲ့အတွက် အဆီဖုဝက်ခြံတွေမှာ သိပ်ကောင်းတယ်။ဆေးနှစ်မျိုး တခါတည်း ပေါင်းစပ်ထားတဲ့ Benzo-Ad လိမ်းဆေးကတော့ ဆားဝက်ခြံကော အဆီဖုဝက်ခြံအတွက်ပါ ကောင်းတယ်။ ၃-၄ ပတ်ကြာတဲ့အခါ သိသိသာသာ သက်သာလာမယ်။

(၃) သောက်ဆေး
ဆားဝက်ခြံအတွက် သောက်ဆေးလုံးဝ မလိုပါ။ မျက်နှာအပေါ်ယံလွှာ အဆီဂလင်းပိတ်တဲ့အတွက် အထက်ပါ မျက်နှာသစ်ဆေး တမျိုး (သို့) လိမ်းဆေးတမျိုးသုံးရုံနဲ့ (၃)ပတ်အတွင်း သက်သာပျောက်ကင်းနိုင်တယ်။

ဒေါက်တာအေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး