ပျိုမေတို့ရင်သား ဖွံ့ထွားစေဖို့

ပျိုမေတို့ရင်သား ဖွံ့ထွားစေဖို့

လေ့လာမှုစစ်တမ်းတွေအရ  ရင်သားကြီးတဲ့မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေထက် မိမိကိုယ်ကို ယုံကြည်ချက်ပိုမြင့်မားလေ့ရှိကြသတဲ့။ ရင်သားထွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ  ပုံမှန်ထက် ဆန့်ကျင်ဖက်လိင်ကို ပိုမိုဆွဲဆောင်နိုင်တယ်လို့လည်း ဆိုကြပြန်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ရင်သားအလှတွေ တယောကိနဲ့တယောက် မတူညီကြတာတော့ အမှန်ပါ။ သေးတဲ့သူက ကြီးချင်၊ ကြီးတဲ့သူက ပိုဖွံ့ထားချင်တာ တကယ့် ပြဿနာကြီး ဖြစ်လို့လာတယ်။ နောက်ဆုံးလေ့လာမှုတွေအရ အမျိုးသမီးထုရဲ့ ရ၀ ရာခိုင်နှုန်းဟာ မိမိတို့ နဂိုရင်သားဆိုက်ကို ကျေနပ်အားရမှုမရှိဘူးဆိုတာ တွေ့ရတယ်။

အမျိုးသမီးတယောက်ဟာ အပျိုဖော်ဝင်တာနဲ့ ရင်သားတွေ စတင်ဖွံ့ဖြိုးလာပါတယ်။ ယေဘုယျအသက် ၁၀-၁၂ နှစ်ကြား သိသိသာသာပြောင်းလဲလာတယ်။ တကယ်က မျိုးဥအိမ်ကထုတ်တဲ့ အီစတိုဂျင်တန်ခိုးကြောင့် ဖြစ်တယ်။ အီစတိုဂျင်ဟော်မုန်းကြောင့် ရင်သားမှာ အဆီတစ်ရှုးနဲ့ တွယ်ဆက်တစ်ရှုးတွေ စုစည်းလာရာက ရင်သားက တဖြည်းဖြည်း ကြီးထွားလာတယ်။

ဘာ့ကြောင့် ရင်သားသေးရသလဲ
မျိုးရိုး၊ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အစားအသောက်၊ ဗီတာမင်နဲ့ အာဟာရဓာတ်ချို့တဲ့မှု၊ အသက်အရွယ် စတာတွေက ရင်သားဖွံ့ဖြိုးမှုကို ဆုံးဖြတ်တယ်။ တခါတရံ ပစ်ကျူထရီဂလင်းနဲ့ သိုင်းရွိုင်ဟော်မုန်း ပြဿနာကြောင့်လည်း ရင်သားကို သေးစေတယ်။ ရောဂါကြောင့် ဖြစ်ရင် ကုရပိုခက်တတ်တယ်။ဒီဖက်ခေတ်မှာ သောက်ဆေး၊ လိမ်းဆေးတွေ အမျိုးမျိုးထွက်လာပေမယ့် အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးအတွက် အာမခံချက်မရှိပါ။ တချို့က အိမ်သုံးနည်းတွေ စမ်းသပ်ကြတယ်။ တကယ်ထူးခြားသူတွေလည်း ရှိပါတယ်။

ရင်သားကြီးထွားဖို့ ဘာလုပ်မလဲ
ပဲနီကလေးစေ့(lentil) ကို ရှေးယခင်ကတည်းက ရင်သားကြီးထွားစေဖို့ သုံးခဲ့ကြပါတယ်။ပဲနီစေ့မှာ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-tyrosine ဓာတ် ပါတယ်။ နောက်ပြီး အပင်အီစတိုဂျင်တမျိုးဖြစိတဲ့ phytoestrogen ဟော်မုန်းလည်း ပါဝင်သေးတယ်။ အဆိုပါဓာတ်တွေက ရင်သားကို အဓိက ဖွံ့ဖြိုးစေတယ်။

ပြုလုပ်နည်း
ပဲနီစေ့ ထမင်းစားဇွန်း (၄)ဇွန်းကို ယူပြီး ရေတစ်လက်မခန့် ထည့်ကာ  ညလုံးပေါက်စိမ်ထားပေးပါ။(အနည်းဆုံး ၂ နာရီကြာ စိမ်ထားရမယ်)။ မနက်ရောက်တာနဲ့ စိမ်ထားတဲ့ ပဲနီကလေးစေ့တွေကို စစ်ယူပြီး ညက်နေအောင်ထောင်းလိုက်ပါ။ ရလာတဲ့ ပဲနီစေ့ paste ကို ရင်သားတွေပေါ် နှံ့အောင်လိမ်းလိုက်ပါ။ (နှိပ်ဖို့မလိုပါ) နာရီဝက်ကြာတဲ့အခါ ရင်သားကို ရေပြန်ဆေးလို့ရပါပြီ။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် ရင်သားကြီးထွားရုံမက ပျော့တွဲနေတဲ့ ရင်သားကိုပါ ပြန်လည် တင်းရင်းလာစေနိုင်တယ်။

ဒေါက်တာအေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး