မိတ်ကပ်တွေအကြောင်း

မိတ်ကပ်တွေအကြောင်း

 မိတ်ကပ်သားပါတဲ့ ပစ္စည်းမှန်သမျှကို makeupလို့ ယေဘုယျ သုံးနှုန်းပါတယ်။  foundation, primer, base စတာတွေက  မိတ်ကပ်အမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။ foundation ဆိုတာ အသားအရည်ဖြူဝင်းလာအောင်သုံးတဲ့ မိတ်ကပ်အရည်တမျိုး ဖြစ်ပါတယ်။ base ကတော့ အသားအရေ ညီညာအောင် အောက်ကခံတဲ့ မိတ်ကပ်ဖြစ်ပါတယ်။ primer ကတော့ မိတ်ကပ်သားကြာရှည်ခံအောင် အောက်ခံလိမ်းရတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်တော့ concealer, blush, contouring, highlighter စတဲ့ပစ္စည်းတွေလည်း အရောင်ပါလို့ မိတ်ကပ်အမျိုးအစားထဲကို ထည့်လို့ရပါတယ်။

makeup foundation

မိတ်ကပ်ရည်ကို foundation လို့ ခေါ်ပါတယ်။ အပြစ်အနာအဆာဖုံးကွယ်ဖို့နဲ့ အသားအရည် ဖြူဖွေးစေဖို့ အသုံးပြုကြတယ်။ foundation လိမ်းထားခြင်းဖြင့် အသားအရောင်က သိသိသာသာ ပြောင်းလဲသွားတယ်။ ဥပမာ ညိုတဲ့သူက foundation လိမ်းလိုက်ရင် ဖြူလာတယ်။ တကယ်တော့ မိတိကပ်ရောင်နဲ့ ပြောင်းလိုက်တဲ့ သဘောပါပဲ။ foundation မှာ cream, liquid , powder ဆိုပြီး အမျိုးမျိုး လာပါတယ်။

အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation လေးမျိုးရှိတယ်။
(၁) sheer cover makeup
(၂) light cover makeup
(၃) medium cover makeup
(၄) full cover makeup
(၁) sheer cover makeup
Sheer foundation ဆိုတာ အရည်ခပ်ကျဲကျဲကို ခေါ်တာပါ။ မိတ်ကပ်ရောင် ပါးလွန်းလို့  “sheer cover”လို့ ခေါ်ပါတယ်။ တချို့က "sheer makeup”လို့လည်း သူံးကြတယ်။ sheer မှန်သမျှ မိတ်ကပ်သားနည်းတယ်။ မိတ်ကပ်သား ၈-၁၃ % ပဲ ပါဝင်လို့ foundation လေးမျိုးထဲမှာ အရောင်ပါဝင်မှုအနည်းဆုံးဖြစ်တယ်။ အရည်ကျဲလို့ မိတိကပ် လိမ်းထားမှန်း မသိသာဘူး။ သို့သော် အပြစ်အနာအဆာ ဖုံးကွယ်နိုင်စွမ်းလည်း သိပ်မကောင်းဘူး။
(၂) Light Cover makeup
မိတ်ကပ်အရည်က သိပ်မပျစ်ဘူး။ သိပ်အကျဲကြီးလည်း မဟုတ်ဘူး။ light cover မှာ မိတ်ကပ်သား ၁၃-၁၈% ထိပါဝင်ပါတယ်။ ဒီမိတ်ကပ်မျိုးက ဝက်ခြံအမဲစက်လေးတွေကို မသိသာအောငိ ဖုံးဖိပေးနိုင်ပါတယ်။ သို့သော် တင်းတိပ်၊မှဲ့ခြောက်၊အမာရွတ်တွေကို ဖုံးကွယ်နိုင်စွမ်းမရှိပါဘူး။ ယေဘုယျအားဖြင့် အမည်းစက်၊အမည်းပျောက် 1-2 mm ထိရှိတဲ့ အပြစ်အနာအဆာတွေကိုတော့ ကောင်းကောင်း ဖုံးဖိပေးနိုင်ပါတယ်။
(၃) Medium Cover makeup
မိတ်ကပ်အရည်ပို ပျစ်လာတယ်။ မိတ်ကပ်သားပါဝင်မှုကလည်း ၁၈-၂၃ % ထိပါဝင်လို့ ဝက်ခြံအမာရွတ်သာမက တင်းတိပ်၊မှဲ့ခြောက်တွေကိုပါ ဖုံးကွယ်နိုင်တယ်။ အသားအရောင်မညီတာ၊အမဲစက်၊ အမာရွတ်တချို့မှာ အသုံးပြုနိုင်ပါတယ်။ သို့သော် အမည်းကွက်၊အမာရွတ်ကြီးတွေကိုတော့ ဖုံးကွယ်နိုင်စွမ်းမရှိပါဘူး။ ဒီအတွက် full cover ကို အသုံးပြုရတယ်။
(၄) Full Cover
မိတ်ကပ်လေးမျိုးထဲမှာ အရည်အပျစ်ဆုံးဖြစ်ပြီး မိတိကပ်သားအများဆုံးလည်းဖြစ်ပါတယ်။ မိတ်ကပ်သား ၃၅-၅၀ % ထိ ပါလို့ ခရုသင်း၊ မွေးရာပါ မှဲ့၊ အမာရွတ်၊ အမဲကွက်တွေ အားလုံးကို ဖုံးကွယ်နိုင်စွမ်းရှိတယ်။ full cover ဖြစ်တဲ့ မိတ်ကပ်တွေကို "corrective makeup” , “camouflage makeup” လို့ သုံးတယ်။ “paramedical makeup” ဆိုလည်း အတူတူပါပဲ။ မျက်နှာအဖုအပိန့်၊ဝက်ခြံတပြင်လုံးရှိသူတွေအနေနဲ့ full cover foundationကိုသာ သုံးသင့်တယ်။ နေ့စဉ်မသုံးသင့်ဘဲ မင်္ဂလာဆောင်၊ ပွဲလန်းသဘင်စတဲ့အခါမျိုးမှာသာ သုံးသင့်ပါတယ်။
အမျိုးအစား (၃)မျိုး
မိတ်ကပ်တွေမှာ အရည်ကျဲ( liquid), အရည်ပျစ်(mousse)နဲ့  powder(အမှုန့်) ဆိုပြီး အမျိုးအစား သုံးမျိုးရှိပါတယ်။  အသားအရေပေါ်မူတည်ပြီး အသုံးပြုရမယ့် မိတ်ကပ်အမျိုးအစား မတူပါဘူး။
liquid foundation(cream foundation)
-dry skin  နဲ့ normal skin မှာ သုံးသင့်တယ်။အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။ အပြစ်အနာအဆာ အသင်အတင့်ဖုံးနိုင်တယ်။cream foundation တွေ သုံးတဲ့အခါ sponge သုံးပြီး ခလယ်ကနေ ဘေးကိုဆွဲရမယ်။
powder foundation
-oily skin နဲ့ sensitive skin မှာ သုံးသင့်တယ်။ အဆီစုပ်တဲ့အာနိသင်ရှိလို့ မျက်နှာအဆီပြန်တာမရှိဘူး။

Mousse foundations
- ဘယ်လိုအသားအရေမျိုးတွက်မဆို သုံးနိုင်တယ်။ မျက်နှာအမဲစက်၊အမာရွတ် ဖုံးကွယ်နိုင်စွမ်းအကောင်းဆုံး ဖြစ်တယ်။လိမ်းပြီး ခြောက်သွားရင် ပေါင်ဒါပုပ်ထားသလို ကျန်ခဲ့လိမ့်မယ်။
မိတ်ကပ်လိမ်းပြီး ပုံစံ (dewy or matte type )
မိတ်ကပ်လိမ်းပြီး ကျန်ခဲ့တဲ့ပုံစံကို finish လို့ သုံးပါတယ်။ dewy finish သို့မဟုတ် matte finish  လို့ သုံးပါတယ်။ dewy ဆိုတာ  အရောင်တောက်တောက်စိုစိုကျန်ခဲ့တဲ့ မိတ်ကပ်ပုံစံမျိုး ဖြစ်ပါတယ်။ matte type ကတော့ အရောင်ခပ်မှိုင်းမှိုင်း မိတ်ကပ်မျိုး ဖြစ်တယ်။ dewy လိမ်းပြိးရင် မျကိနှာဝင်းဝင်းလေး ကျန်နေပါမယ်။ အသားခြောက်သူတွေမှာ အသုံးများတယ်။ matte လိမ်းရင်တော့ အရောင်သိပ်မတောက်ဘဲ မှိုင်းနေပါမယ်။ ဒီအမျိုးအစားက အဆီပြန်တဲ့ အသားအရေနဲ့ ပိုသင့်တော်ပါတယ်။

makeup base
makeup base ဆိုတာ အသားအရေညီညာအောင် ဖြည့်ပေးတဲ့ အောက်ခံမိတ်ကပ်ဖြစ်ပါတယ်။ အောကိခံညီညာအောင် ကျောက်သွေးလောင်းတာကို မှတ်ထားပါ။ အသားအရေမညီတာမှန်သမျှ အောက်ခံbase ကဖြည့်ပေးပါတယ်။ အထူးသဖြင့် မျကိနှာအရေးအကြောင်းတွေ၊ ဝက်ခြံအမာရွတ်ခွက်တွေကို ဖြည့်ပေးတာ ဖြစ်ပါတယ်။ base လိမ်းခြင်းအားဖြင့် မျက်နှာပြင်တခုလုံး ညီညာချောမွေ့သွားပါလိမ့်မယ်။ ပြီးမှ foundation လိမ်းပါ။ဒါဆို အသားအရေက လုံးဝညီညာသွားပါပြီ။ makup base အများစုက cream type တွေ ဖြစ်တယ်။

ဒေါက်တာအေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး