Hot
တစ်လအတွင်း တင်ထွက်လာအောင်
- Get link
- X
- Other Apps
တစ်လအတွင်း တင်ထွက်လာအောင်
တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချု်းအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။
တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်သားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူတွေဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။
အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် (၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။ အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့ များများစားပါ။ polyunsaturated fats ပါတဲ့ ငါးအဆီပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာမွန်ငါး၊ တူနာငါး စတာတွေ ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။ တရက်ကို ခြောက်ကြိမ် အစားအသောက် မျှတအောင် စားပေးသင့်တယ်။
(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျိုးစားပါ။
(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။
(၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။
(၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။
(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။
(၆) အိပ်ခါနီး protein shake သောက်ပါ။
တင်ပါးလေ့ကျင့်ခန်း မလုပ်ခင် ခန္ဓာဗေဒကို အရင်ဆုံးနားလည်ဖို့ လိုပါတယ်။ တင်ပါးမှာ gluteus muscle ကြွက်သားအစုအဝေးဆိုတာ ရှိတယ်။ အဓိကကြွက်သား သုံးခုရှိတယ်။ ဒီကြွက်သားတွေက ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တယ်။ တင်သားကြီးပြီး လုံးချင်ရင် ဒီကြွက်သားအစုအဝေးကို လေ့ကျင့်ပေးရမှာ ဖြစ်တယ်။
ဘာတွေ လုပ်မလဲ
(၁) လက်ဆန့်ပြီး တင်ပါးကို နောက်ထုတ်ပြီး ထိုင် ထလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို squat ခေါ်တယ်။ တင်ပါးမှာရှိတဲ့ ဂလူးတီးယပ်စ် ကြွက်သားကို ကြီးထွားစေတယ်။ တခါလုပ် အကြိမ် (၂၀)လ၊ သုံးကျော့စီ ပြန်လုပ်သင့်တယ်။
(၂) lunges ဆိုတာ ခါးထောက်ပြီး ခြေထောက်တဖက်စီကို ရှေ့ထုတ်ပြီး ထိုင်ချတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ lunges လုပ်ခြင်းက နောက်ပိုင်းအလှ ကောက်ကြောင်းကို ပေါ်လွင်စေတယ်။
(၃) deadlift ဆိုတာ ခါးကုန်း အလေးမပြီး ခါးဆန့် ပြန်ထရတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ကြွက်သားတွေကို ကြီးထွားစေတယ်။ဘယ်လေ့ကျင့်ခန်းမဆို ခါးနောက်ပ်ုင်းကိုသာ အားထုတ်လုပ်ရမယ်။
(၄) hip extension ဆိုတာ လေးဖက်ထောက်အနေအထားမှ ခြေထောက် နောက်ပစ်လွှဲရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်စဉ် waist trainer လို ဝတ်စုံမျိုးဝတ်သင့်တယ်။ ဒါမှ ခါးမှာရှိတဲ့အဆီတွေက အောင်ပိုင်းကို ကျသွားမှာဖြစ်တယ်။
စျေးကွက်ထဲမှာ တင်သားကြီးစေတဲ့ သောက်ဆေး၊လိမ်းဆေး အမျိုးမျိုးရှိတယ်။ butt enhancing pills ဆိုတာ တင်သားကြီးထွားတဲ့ သောက်ဆေးကို ခေါ်တာ။ အဓိကအားဖြင့် ဟော်မုန်းထိန်းညှိပေးတာဖြစ်တယ်။ ထိန်းညှိတယ်ဆိုတာ မဟော်မုန်း estrogen များစေတာဖြစ်ပြီး ယောကျာ်းဟော်မုန်း androgen နည်းစေတာဖြစ်တယ်။ မဟော်မုန်းများရင် အဆီတွေက ခန္ဓာကိုယ်ရဲ့ ပေါင်၊ရင်သား၊တင်ပါးစတဲ့နေရာတွေသာ စုအောင်းနေမယ်။
သောက်ဆေးအားလုံးထဲမှာ အသုံးများဆုံးက maca root ပါတဲ့ဆေးတွေဖြစ်တယ်။ ဒီဆေးက ပီရူးနိုင်ငံမှာ အားဆေးအနေနဲ့အသုံးများတယ်။ နောက်ပြီး saw palmetto, berries, Fenugreek seed , fennel seed,L-tyrosine တွေ သုံးကြတယ်။ သဘာဝဆေးတွေထဲမှာ Wild Mexican Yam , thistle, Kelp, Dong Quai, Mothers's wort စတဲ့ဆေးတွေ အသုံးများဆုံးပဲ။ အာနိသင်သက်ရောက်မှုက တခုနဲ့တခုကွာမယ်။ ပဲနို့နေ့စဉ်သောက်ပေးခြင်းက တင်သားကို ကြီးထွားစေတယ်။
လိမ်းဆေးတွေလည်း ရှိတယ်။ အပူပိုင်း အာဖရိကမှာ တွေ့တဲ့ Kigelia Africana ကို အခြေခံပြီးထုတ်တာ များတယ်။ အာနိသင်က fibrous တွယ်ဆက်တစ်ရှုး ဖွဲ့စည်းမှုက်ု အားပေးတာဖြစ်လို့ တင်ပါးနဲ့ ရင်သား ကြီးထွားစေတယ်။ လိမ်းဆေးထဲမှာ နာမည်ကြီးတွေက gluteboost, booty magic , booty perfect cream, iso sensual curve စတဲ့လိမ်းဆေးတွေ ဖြစ်တယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အချိန်မှန်လိမ်းပေးရတယ်။ တချို့ဆေးတွေထဲမှာ ရှားစောင်းလက်ပပ်၊ ထောပတ်၊ မက္ကာမြစ်၊ ဘယ်ရီသီး၊ ကော်ဖီစေ့၊ အလှဆီ၊ သံလွင်ဆီ၊ ဗာဒံဆီဂစတာတွေ ပါလေ့ရှိတယ်။
သိပ္ပံနည်းကျမဟုတ်တဲ့ အလွယ်သုံး အရပ်ပြောနည်းတွေလည်း ရှိပါတယ်။ nivea အပြာရောင် လိမ်းဆေးခရင်မ်ကို သံလွင်ဆီနဲ့ရောပြီး တင်ပါးက်ု လိမ်းလို့ရတယ်။ နောက်တနည်းက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး လိမ်း၊ နာရီဝက်ကြာတဲ့အခါ ရေပြန်ဆေးရမယ်။ ပြီးရင် သုံးနေကျ moisturizer တခုခု ထပ် သုံးရမယ်။ တပတ်ကို သုံးကြိမ် လုပ်ပါ။
လူသုံးများတဲ့ အိမ်သုံးနည်းလည်း ရှိဦးမယ်။ ငါးကြီးဆီ နှစ်လုံးကို ဖောက်ပြီး တင်သားတဖက်ကို နှိပ်ပြီး လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးရမယ်။ နှိပ်တဲ့အခါ အနည်းဆုံး ဆယ်မိနစ်ကြာရမယ်။ နာရီဝက် ထားပြီး ရေပြန်ဆေးချပါ။ အာနိသင်ကောင်းဖို့ တနေ့ နှစ်ကြိမ်လုပ်ပါ။ နေ့စဉ်လုပ်ရင် ၃ ပတ်အတွင်း ထူးခြားမှုရှိလာလိမ့်မယ်။
နောက်ဆုံးတနည်းကတော့ butt lifterလို့ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား တွေ ဝတ်တဲ့နည်းပါ။ ဘောင်းဘီကို အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးဆ်ုက်သာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...
ကြာဆူးအတွက် ကုထုံး
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

Comments
Post a Comment