Hot
မျက်စိပါဝါ လေဆာနဲ့ ချချင်သူများအတွက်
- Get link
- X
- Other Apps
မျက်စိပါဝါ လေဆာနဲ့ ချချင်သူများအတွက်
ဒီနေ့ခေတ်မှာ လေဆာနဲ့ မျက်စိပါဝါချတဲ့နည်းက အလွန်ခေတ်စားလာပါတယ်။ LASIK လို့ လူသိများတယ်။ LASIK ဆိုတာ LASIK( laser-assisted in situ keratomileusis)ရဲ့ အတိုကောက်စကားလုံးဖြစ်ပါတယ်။ kerato ဆိုတာ cornea(မျက်ကြည်လွှာ)ကို ပြောတာဖြစ်ပြီး mileusisဆိုတာ ပြန်လည်ပုံသွင်းတာဖြစ်တယ်။ ဒါ့ကြောင့် LASIK ဆိုတာ မျက်ကြည်လွှာရဲ့ ပုံသဏ္ဌာန်ကို လေဆာနဲ့ ပြန်လည်ပုံဖော်ပြီး ပါဝါချတဲ့နည်းဖြစ်တယ်။ မြန်မာလို "လေးဆစ်"လို့ အသံထွက်ရတယ်။ refractive surgery အမျိုးအစားထဲမှာပါတယ်။ဒီနည်းက အဝေးမှုန်သမားတွေသာမက အနီးမှုန်သမားနဲ့ သူငယ်အိမ်စောင်းသူတွေမှာပါ အသုံးဝင်တယ်။
မျက်စိပါဝါတက်သူအများစုဟာ refractive error ခေါ်တဲ့ အလင်းယိုင်တဲ့ဖြစ်စဉ် လွဲမှားမှုကြောင့် ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် အလင်းတန်းတခုဟာ မျက်စိထဲဖြတ်ကျော်ဝင်ရောက်ပြီး မြင်လွှာပေါ် ဆုံမှတ်ကျရောက်တယ်။ မြင်လွှာပေါ်ကျရောက်မယ့် အလင်းတန်းတွေ ဆုံချက်မမှန်တဲ့အခါ မျက်စိပါဝါတက်လာတယ်။ အထူးသဖြင့် မျက်ကြည်လွှာ (သို့) မှန်ဘီလူး ပုံသဏာန်ပြောင်းလဲခြငိးက အဝေးမှုန်၊ အနီးမှုန်တွေကို ဖြစိစေတယ်။
အလင်းတခုဝင်ရောက်တဲ့အခါ မျက်လုံးအပြင်ဆုံးအလွှာဖြစ်တဲ့ မျကိကြည်လွှာ(cornea)ကို အရင် ကျော်ဖြတ်ရတယ်။ အဲဒါကိုကျော်ဖြတ်တာနဲ့ အလင်းက အတွင်းဖက်နည်းနည်း ယိုင်သွားတယ်။ ပြီးရင် မျက်စိအလယ်ခေါင် သူငယ်အိမ်(pupil)ကို ထပ်ဖြတ်တယ်။ သူငယ်အိမ် အကျဉ်းအကျယ်ကို ဘေးမှာရှိတဲ့ မျက်ဝန်းကြွက်သား(iris)တွေက အလျှော့အတင်းပြုလုပ်ပေးတယ်။ အလင်းစူးစူးဝင်တာနဲ့ ကြွက်သားတွေရှုံ့ပြီး အလင်းဝင်ရောက်မှုနည်းအောင် ပြုလုပ်လိုက်တယ်။ ဒါဟာ ကင်မရာမှာပါတဲ့ shutter နဲ့ လုပ်ဆောင်ပုံချင်းတူတယ်။ သူငယ်အိမ်ရဲ့နောက်ကပ်ရပ်မှာ မှန်ဘီလူးတခုရှိတယ်။ မှန်ဘီလူးက အလင်းယိုင်ခြင်းဖြစ်ပြီး အလင်းတန်းတွေဟာ မျက်စိအတွင်းပိုင်း မြင်လွှာ(retina)ပေါ်မှာ သွားဆုံတယ်။ ဒီနည်းနဲ့ ကျတော်တိူ့ဟာ အရာဝတ္တုတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်တာဖြစ်ပါတယ်။
အဝေးမှုန်တဲ့ဖြစ်စဉ်က သိပ်ရှင်းပါတယ်။ အနီးမှာရှိတဲ့ အရာဝတ္တုတခုကို အချိန်ကြာ အာရုံစိုကိကြည့်တဲ့အခါ မျကိစိကြွက်သားတွေက ကျုံ့ပေးရတယ်။ ကြာတော့ မျကိကြည်လွှာက ပိုအလုပ်လုပ်င်္ပြး တဖြည်းဖြည်း ခုံးလာတယ်။ အလားတူ နောက်မှာဂှိတဲ့ မှန်ဘီလူးကလည်း ကြွက်သားဖိအားကြောင့် ပိုထူလာတယ်။ ဒီလိုအခါမျိုးမှာ အလင်းတန်းရဲ့ ဆုံချက်၊ဆုံမှတ်တွေဟာ မြင်လွှာပေါ် တွေ့ဆုံရမယ့်အစား မရောက်ခင်ကတည်းက ဆုံပြီး အဝေးမှာမြင်နေရတဲ့ပုံရိပ်တွေ ဝေဝါးလာတယ်။ ဒါကို myopia(အဝေးမှုန်ခြင်း) လို့ခေါ်ပါတယ်။ အကယ်၍ ဆုံချက်ဟာ မျက်စိနောက်ဖက်ရောက်မှ ဆုံတွေ့ခဲ့ရင် အနီးမှုန်ခြင်းကို ဖြစ်ပ်ါစေလိမ့်မယ်။ ဆေးပညာက hyperopia လို့ သုံးတယ်။
ဒီနေရာမှာ မျက်စိပါဝါစစ်တဲ့အကြောင်း နည်းနည်းပြောပါရစေ။ မျက်စိပါဝါစစ်တဲ့အခါ အကွာဝေးတခုကနေ အရွယ်စားမတူညီတဲ့ ကိန်းဂဏာန်းစာလုံးတွေကို ကြည့်ပြီးပြောကြရတယ် မလား။ 20/20ဆိုတာ လူနာနဲ့ ပေ (၂၀)အကွာမှာ စာရွက်တခုကိုထားပြီး ရေးထားတဲ့ စာလုံးတွေကို မှန်အောင် ကြည့်ရတယ်။ သာမန်လူတယောက်ဟာ မျက်စိအမြင်အာရုံက 20/20 ရှိပါတယ်။ အဲလောက် မမြင်ရတော့ဘူးဆိုရင် 20/40 , 20/60 စသည်ဖြင့် ဖြစ်သွားတယ်။ အသေးဆုံးစာလုံးထိ မြင်နိုင်သူတွေကတော့ သာမန်ထက်အမြင်စူးရှသူတွေ ဖြစ်ပါတယ်။ နောက်ဆုံး ဂဏာန်းက နည်းသွားလိမ့်မယ်။ ဥပမာ 20/10 ဆိုတာ ပုံမှန်ထက် နှစ်ဆလောက် အမြင်အာရုံ ပိုကောင်းတဲ့သူ ဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ ဒီစမ်းသပ်နည်းကို မျက်စိအထူးကု Herman Snellen က စတင်တီထွင်ခဲ့လို့Snellen fractionsလို့ ခေါ်ပါတယ်။
LASIK surgery ရဲ့သဘောက မျက်ကြည်လွှာတစ်ရှုးတွေကို လေဆာနဲ့ ပြန်ညှိပြီး refractive error ကို ပြုပြင်ပေးတာဖြစ်ပါတယ်။ အဝေးမှုန်သမားတွေ ကုတဲ့အခါ ခုံးနေတဲ့ မျကိကြည်လွှာကို လေဆာနဲ့ပါးရတယ်။ မျက်ကြည်လွှာမှာ အလွှာငါးလွှာရှိပြီး ၀.၅ မီလီမီတာလောက်ပဲ ထူတယ်။ LASIK လုပ်တဲ့အခါ မျက်ကြည်အပေါ်လွှာကို microkeratome blade ဓားရာပေးပြီး corneal flap တခုဖြစ်အောင် ခွာရတယ်။ နည်းပညာအဆင့်မြင့်လာတော့ ဓားမသုံးတော့ဘဲ femtolaser(လေဆာ) နဲ့ ပြုလုပ်လာတယ်။
အပေါ်လွှာကိုခွာပြီးတာနဲ့ မျက်ကြည်လွှာအတွင်းပိုင်းကို လေဆာနဲ့ပြုပြင်ရတယ်။ ဒီလိုလုပ်တဲ့အခါ excimer laser ကို သုံးတယ်။ အဝေးမှုန်သမားတွေမှာ ထူနေတဲ့ မျက်ကြည်လွှာကို ပါးလာအောင် လေဆာနဲ့တိုက်စားပစ်ရတယ်။ပြီးရင် အပေါ်ကနေ corneal flap ကိုပြန်ဖုံးထားလိုက်တာနဲ့ မျက်စိပါဝါချ ပြီးသွားပြီ။
၂၀၀၉ ခုနှစ်က ပြုလုပ်တဲ့ စာရင်းတွေအရ တကမ္ဘာလုံး LASIKပြုလုပ်သူပေါင်း၂၈ သန်းကျော်ရှိပါတယ်။ ဒီထဲက သုံးပုံတပုံခန့်ဟာ အမေရိကားမှာ ပြုလုပ်သူတွေဖြစိကြတယ်။LASIK လုပ်တဲ့အခါ တိကျပြီး အထူးပြုလုပ်ထားတဲ့ excimer laser အမျိုးအစားကိုသုံးရတယ်။ ဒီနေရာမှာ စက်ပစ္စည်းတွေက အဓိကကျတယ်။ Visx, Wavelight, Alcon, Bausch & Lombနဲ့ Nidek စသည်ဖြင့် ထုတ်တဲ့ကုမ္ပဏီအမျိုးမျိုးရှိတယ်။
မျက်စိပါဝါ လေဆာပစ်တဲ့အခါ အဆင့်သုံးဆင့်ရှိပါတယ်။
ပထမအဆင့်- femtosecond laser သုံးပြီး မျက်ကြည်လွှာအပေါ်ယံ flap ကို ခွာရတယ်။ အကုန်ခွာတာမဟုတ်ဘဲ ဘေးအစွန်းကို ပတ္တာပုံခွာရတယ်။ flap ကို ခွာပြီးတာနဲ့ အထဲက stroma အလွှာကို မြင်ရမယ်။
ဒုတိယအဆင့်- မျက်ကြည်လွှာရဲ့ stroma အပိုင်းကို excimer laser (193 nm) သုံးပြီး ပြုပြင်ရတယ်။ အဝေးမှုန်သူတွေကို အပေါ်ယံလွှာ ပါးပြစ်ရတာဖြစ်ပါတယ်။ stromaအလွှာကို ပြုပြင်ခြင်းက နာကျင်မှုကိုသက်သာစေရုံသာမက အနာကျက်မြန်စေတယ်။
တတိယအဆင့်- လေဆာပစ်ပြီးတာနဲ့ ခွာထာတဲ့ flap ကို နေသားတကျပြန်ထားတယ်။(ချုပ်ဖို့မလိုပါ) ပြန်မပိတ်ခင် လေခိုတာရှိမရှိ ပြန်စစ်ရတယ်။ ပြီးရင်အိမ်ပြန်လို့ရပြီ။ နှစ်ပတ်အတွင်း အနာကျက်တယ်။
သို့သော် ခွဲစိတ်ပြီးတဲ့အခါ အရောင်ကျဆေးနဲ့ ပိုးသတ်ဆေးမျက်စဉ်းတွေခပ်ရတယ်။ နေရောင်ကို ကာကွယ်ဖို့ ခွဲစမှာ မျက်မှန်အမဲတပ်ထားသင့်တယ်။ တချို့လည်း အိပ်နေစဉ်မျက်စိထိခိုက်မှာစိုးလို့ ရေကူးမျက်မှန်လိုမျိုး တပ်ခိုင်းတယ်။
လေဆာမပစ်ခင်ဘာလုပ်ရမလဲ
မျက်မှန်၊ မျက်ကပ်ကို လေဆာမပြစ်ခင် ၂ပတ်လောက်ကြိုပြီး ဖြုတ်ထားသင့်တယ်။ မခွဲခင် ထုံဆေးမျက်စဉ်း ခပ်ရတယ်။ အပြင်လွှာမခွာခင် မျက်ကြည်လွှာကို မှင်နဲ့အမှတ်ပေးရတယ်။ lid speculum ကို သုံးပြီး မျက်ခွံကို ဖွင့်ထားရတယ်။ မျက်စိလှုပ်ရှားမှုမရှိအောင် suction ring တခုကို ကပ်ထားပါ။ မျက်ကြည်လွှာ အချပ်က်ု excimer laser နဲ့ လေဆာပစ်နေစဉ် မျက်စိက ငြိမ်နေရမယ်။
LASIK နည်းကို မျက်စိပါဝါ ၁၄၀၀ ထိ ခွင့်ပြုထားပါတယ်။ အဲထက်ပါဝါများရင် phakic intraocular lens(PIOL) ဆိုတဲ့နည်းကို သုံးရတယ်။ phakic ဆိုတာ နဂိုရှိနေတဲ့မှန်ဘီလူးကို လုံးဝမထိဘဲ နောက်ထပ် intraocular lens ပြင်ပမှန်ဘီလူးတခုကို မျက်လုံးထဲထည့်ပေးတာဖြစ်ပါတယ်။ မျက်စိပါဝါ ၅၀၀ နဲ့ ၂၀၀၀ ကြားရှိသူတွေ လုပ်ပေးနိုင်တယ်။ သို့သော် မျက်လုံးရှေ့ခန်းအထူဟာ အနည်းဆုံး 3mm ရှိမှ ပြုလုပ်လုိ့ရပါတယ်။
LASIK ဆိုတာ refractive surgery အမျိုးအစားမှာပါတယ်။ အနီးမှုန်သမား၊အဝေးမှုန်သမားနဲ့ သူငယ်အိမ်စောင်းတဲ့သူတွေမှာ အသုံးပြုနိုင်တယ်။ တခြားနည်းတွေလည်းရှိဦးမယ်။ PRK နည်း၊ LASEK နည်းနဲ့ epi-LASIK စသည်ဖြင့် ရှိသေးတယ်။ presbyopia ဆိုတာ အသက်ကြီးလို့ မျက်စိမှန်ဘီလူးပုံသဏ္ဌာန် ပြောင်းလဲရာက အနီးမှုန်တာကို ခေါ်တာပါ။ အသက်(၄၀)ကျော်တွေ အဓိကတွေ့ရတယ်။ ဒီလိုလူမျိုးအတွက် နောက်ထပ်လေဆာနည်းတမျိုးဖြစ်တဲ့ presbyLasik ဆိုတဲ့နည်းကိုလည်း သုံးနိုင်တယ်။ photorefractive keratectomy(PRK)နည်းကတော့ မျက်ကြည်လွှာ corneal epithilium နဲ့ stroma အလွှာကို ပုံစံပြောင်းလဲပေးတာမျိုးဖြစ်ပါတယ်။ ပါဝါ ၁၀၀ ကနေ ၁၂၀၀ ထိ ရတယ်။ မျက်ကြည်လွှာပါးတဲ့အခါ ဒီနည်းကိုသာ အသုံးပြုကြတယ်။
လေဆာနဲ့ပါဝါချတာရဲ့ အားသာချက်က cornea tissue မျက်ကြည်လွှာကို တိတိကျကျ ဖြတ်ပေးတာဖြစ်တယ်။ သူငယ်အိမ်စောင်းသူတွေမှာ ပုံမမှန်တဲ့ မျက်ကြည်လွှာကို ပုံမှန်အတိုင်းဖြစ်အောင် ပြုပြင်ပေးရတယ်။ LASIK ပြုလုပ်ခြင်းဟာ နာကျင်မှုမရှိဘူး။ ထုံဆေးကို သုံးပြီး လုပ်ကြတယ်။ မျက်စိတဖက်ကို ပြုလုပ်ချိန် ငါးမိနစ်လောက်သာကြာတယ်။ နှစ်ဖက်ပေါင်းမှ စုစုပေါငိး ၁၅မိနစ်ထက် ပိုမကြာပါ။ ကောင်းတာက လုပ်ပြီး၂၄နာရီအတွင်း ပြန်မြင်နိုင်စွမ်းရှိတာပါ။ ယေဘုယျအားဖြင့် ၂-၃လအတွင်း ပုံမှန်အတိုင်း ကြည့်လို့ကောင်းလာမယ်။
ခွဲစိတ်မှုတိုင်းမှာ risk ဆိုတာတော့ ရှိကြတာချည်းပါပဲ။ မျက်လုံးပိုးဝင်တာကနေ အမြင်အာရုံထိခိုက်တာထိ ရှိနိင်တယ်။ သို့သော် ဖြစိနိုင်ချေက လူ တစ်သောင်းမှာ တယောကိသာဖြစိလို့ အလွန်နည်းတယ်လို့ ဆိုရမယ်။ နောက်တချက်က မျက်လုံးခြောက်တာ၊ ညဖက် အလင်းစူးစူးတွေမခံနိုင်တာတွေ ဖြစိနိုင်တယ်။ လေ့လာမှုတွေအရ LASIK လုပ်သူရဲ့ ၉၂-၉၈ ရာခိုင်နှုန်းဟာ အဆင်ပြေကြသတဲ့။ဒါဟာ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း အမေရိကားမှာ ပြုလုပ်ခဲ့တဲ့ လူသုံးထောင်ကျော် စစ်တမ်းကို လေ့လာပြီး ပြောတာဖြစ်ပါတယ်။ ဒီထဲက ၉၅ ရာခိုင်နှုန်းဟာ စိတ်ကျေနပ်ကြတယ်။ အများစုဟာ လေဆာပြစ်ပြီးတာနဲ့ ပုံမှန်အမြင်အာရုံ 20/20 ပြန်မြင်ရတယ်။
အရင်နှစ်(ဇန်နဝါရီလ)ထဲကပဲ စင်္ကာပူဆေးရုံတွေရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ LASIK လုပ်တဲ့ဆေးရုံကို ကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာ၊ ဆရာဝန်တွေနဲ့ တွေ့ဆုံပြီး အသေးစိတ်မေးမြန်းခဲ့တယ်။ အထူးသဖြင့် LASIK လုပ်ပြီးတဲ့အခါ မျက်စိအမြင်အာရုံပိုမိုဆိုးရွားနိုင်လားဆိုတဲ့ အချက်ပါ။ သူတုိ့အဆိုအရ နှစ်စဉ် လူထောင်ချီပြီး ပြုလုပ်ပေးခဲ့အနက် အခုချိနိထိ တယောက်မှ အမြင်အာရုံပိုဆိုးတယ်ဆိုတဲ့အဖြစ်ပျက်မျိုး မကြုံဘူးသေးပါဘူးတဲ့။ ဆိုလိုချင်တာက (၉၉) ရာခိုင်နှုန်းကျော် result ကောင်းနေတဲ့သဘောမျိုးဖြစ်နေတယ်။ ဆေးရုံမှာတွေ့တဲ့ တစ်ဦးကတော့ လွန်ခဲ့တဲ့ (၉)နှစ်ကတည်းက လုပ်ခဲ့ပြီး အခုချိန်ထိ ပါဝါလုံးဝမတက်ဘူးလို့ ဆိုတယ်။
ဘယ်လောက်ကုန်ကျမလဲ
စင်္ကာပူမှာ LASIK လုပ်မယ်ဆိုရင် မျက်စိတစုံအတွက် သိန်း(၃၀)လောက် ကုန်ကျလိမ့်မယ်။ နောက်ဆုံးပေါ်နည်းက မျက်ကြည်လွှာအပေါ်ယံကို အကြီးကြီး မခွာတော့ဘဲ ဓားရာနည်းနည်းပေးပြီး လေဆာပစ်တဲ့နည်းဖြစ်ပါတယ်။ SMILE လို့ ခေါ်ပါတယ်။ ဒီနည်းနဲ့လုပ်ရင် မျက်စိတစုံအတွက် သိန်း(၅၀)လောက် ကုန်ကျနိုင်တယ်။ အနာကျက်အလွန်မြန်ပြီး result တွေက သိပ်ကောင်းတယ်။
ဘယ်လိုလုပ်မလဲ
နိုင်ငံခြားမှာ လေဆာနဲ့ မျက်စိပါဝါချမယ်ဆိုရင် ရန်ကုန် Ulink ကုမ္ပဏီ (ဖုန်း- 09792888611) ကို အခမဲ့ စုံစမ်းလို့ရပါတယ်။ လူတယောက်အတွက် မျက်စိဟာ အလွန် အရေးကြီးတဲ့အစိတ်အပိုင်းမို့ အထူး ဂရုစိုက်သင့်တယ်။ လက်လွတ်စပယ်လုပ်တာထက် အကျိုးအပြစ်ကို နားလည်၊ စနစ်တကျတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်တယ်။ ပုံမှန်အားဖြင့် အသက်(၁၈-၄၀)အတွင်း လူနာတွေသာ LASIK နည်းနဲ့ မျက်စိပါဝါချသင့်တယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...
ကြာဆူးအတွက် ကုထုံး
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

Comments
Post a Comment