Hot
ရင်သားတင်းရင်းလှပနေချင်သလား
- Get link
- X
- Other Apps
ရင်သားတင်းရင်းလှပနေချင်သလား
ရင်သားဟာ အမျိုးသမီးတယောက်ရဲ့ အလှအပမှာကော၊ စွဲဆောင်နိုင်စွမ်းအတွက်ပါ အရေးကြီးပါတယ်။အမျိုးသမီးအများစုဟာ အသက်အရွယ်ရလာတဲ့ အရေပြားရုန်းဆန့်နိုငိစွမ်းနည်းလာတာနဲ့အညီ ရင်သားတွေ ပျော့တွဲအိကျလာတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသား သားသည်မိခင်တွေ၊အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူတွေမှာ လျှော့တွဲနေတာကို တင်းရင်းအောင် ဘယ်လိုပြုပြင်မလဲ။
နည်းသုံးနည်း
ပထမနည်း- အလုပ်နည်းနည်းရှုပ်ပေမယ့် ထိရောက်တယ်။ သခွားသီး သုံးလုံးကိုယူပြီး အခွံခွာပါ။ blender ထဲထည့်ပြီး ရော ကြိတ်ပါ။ပြီးရင် ကြက်ဥနှစ်လုံး(အလယ်က အဝါနှစ်)ကိုပဲယူပြီး ရောပါ။ ထောပတ်တဇွန်းထည့်ပါ။ အဆိုပါအရောကို ရင်သားမှာလိမ်းပြီး နှိပ်ပေးရမှာ ဖြစ်တယ်။ လိမ်းပြီးတာနဲ့ အပေါ်က သန့်စင်တဲ့အဝတ်စတခုခုအုပ်ပြီး နာရီဝက်ထားပါ။ ပြီးရင် ရေအေးနဲ့သေချာဆေးပါ။ ကြက်ဥကပရိုတင်းဓာတ်ကြွယ်ဝပြီး အသားအရေပြန်ဖြည့်ပေးတယ်။ သခွားသီးက အသားအရေတင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဒီနည်းကို ရေမချိုးခင် နာရီဝက်အလိုမှာ လုပ်ပေးပြီး တပတ်တကြိမ်လုပ်ပေးရတယ်။
ဒုတိယနည်း- သံလွင်ဆီသုံးပြီး နှိပ်နယ်တာဖြစ်တယ်။ သံလွင်ဆီထဲမှာ အရေပြားအားဖြည့်တဲ့ ဖက်တီးအက်ဆစ်တွေပါတယ်။ ပျော့တွဲနေတဲ့ရင်သားကို တင်းရင်းစေမယ်။ သံလွင်ဆီကို ရင်သားမှာလိမ်းပြီး ဆယ်မိနစ်ခန့်ကြာအောင် နှိပ်ပါ(စက်ဝိုင်းပုံ နှိပ်ပေးရင်ပိုထိရောက်တယ်)။ ပြီးရင် ရေအေးနဲ့ပြန်ဆေးဖို့လိုတယ်။ တပတ်ကို တကြိမ်သာလုပ်ပါ။
တတိယနည်း- ပဲနံ့သာ(Fenugreek) အမှုန့် ခွက်လေးပုံတပုံစာယူပြီး ရေနွေးနည်းနည်းရောကာ ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါ။ ရင်သားမှာ လိမ်းပြီး နှိပ်ပေးပါ။ ဆယ်မိနစ်ပဲထားပြီး ရေအေးနဲ့ပြန်ဆေးပါ။ Fenugreekက အင်တီအောက်စီးဒင့်အာနိသင်ရှိပြီး ရင်သားအရေပြားကို တင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဒီတိုင်း တပတ်နှစ်ကြိမ်လုပ်ရုံနဲ့ ရတယ်။
ဒီနည်းတွေရဲ့ အာနိသင်က အလွန်ဆုံး (၉)လသာ ခံတယ်။ အကောင်းဆုံးက တပတ်ကို တနည်းစီပြောင်းလုပ်ရင် ပိုထိရောက်နိုင်တယ်။ အာနိသင်ကတော့ တယောက်နဲ့တယောက် တူချင်မှတူမယ်။ အသက်အရွယ်၊ အရေပြားရုန်းဆန့်နိုင်စွမ်းပေါ်မူတည်ပြီး ကွာခြားနိုင်တယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...
ကြာဆူးအတွက် ကုထုံး
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

Comments
Post a Comment