ဗိုက်ခေါက်အတွက် စူပါဖျော်ရည်

ဗိုက်ခေါက်အတွက် စူပါဖျော်ရည်

ဗိုက်အဆီအတွက် အလွန်ကောင်းတဲက စူပါဖျော်ရည် ဖြစ်ပါတယ်။ တစ်ခြား အဆီချဖျော်ရည်တွေထက် သာလွန်ထူးခြားတာက အင်တီအောက်စီးဒင့်ကြွယ်ဝတာ ဖြစ်တယ်။ ဆဲလ်တွေကို သန့်စင်စေတယ်။ ဒီထဲမွာ ပိုတက်စီယမ်၊ သံဓာတ်၊ကယ်စီယမ်၊ ဗီတာမင် စီ၊ ဒီ၊ ပရိုတင်းနဲ့ ကာဗိုဟိုကိဒရိတ် ကြွယ်ဝတယ်။ မနက် အိပ်ရာထ အစာ မစားခင် နေ့စဉ်သောက်ခြင်းဖြင့် မလိုတဲ့အဆီပိုတွေကို အကောငိးဆုံး ဖယ်ရှားပေးမှာဖြစ်တယ်။

ဘာလိုလဲ ?
*********
ရေ - တဖန်ခွက်
သံပုရာသီးရည် - ထမင်းစား (၁)ဇွန်း
ပျားရည် - ထမင်းစား (၁)ဇွန်း
ရှားစောင်းလက်ပပ်ရည် - ထမင်းစား (၃)ဇွန်း
ဂျင်း - လက်တဆစ်

ရေဖန်ခွက်တခုထဲကို ရှားစောင်းလက်ပပ် ထမင်းစား (၃)ဇွန်းစာထည့်ပါ။ ပြီးရင် ဂျင်းလက်တဆစ်စာကို ထောင်းပြီး သံပုရာရည် တဇွန်းစာ ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ တမိနစ္ထားပါ။ အအေးကြိုက်ရင် ရေခဲရေထည့်သောက်နိုင်တယ်။ နေ့စဉ် ပုံမှန်သောက်ခြင်းဖြင့် ခါးအဆီပိုတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး