လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အသိပညာရပ် (၅) မျိုး


၁ ။ကျန်းမာရေးအသိပညာ

ကျန်းမာရေးက အရေးကြီးပါပဲ လူတစ်ယောက်က ဘဝမှာ ကျန်းကျန်းမာမာနေထိုင်ဖို့လိုပါတယ် ဒီအတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာဟာ အင်မတန်အရေးကြီးပါတယ် ။

ဘယ်လိုနေရမယ် ဘယ်လိုစားသောက်ရမယ်ဆိုတာ သိထားဖို့လိုသလို လက်တွေ့ကျင့်ကျန်နေထိုင်ဖို့လဲလိုပါတယ် ။ ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိနေဖို့လိုပါတယ်။

ဘဝမှာ ကျန်းမာရေးမကောင်းရင် ကျန်တဲ့အချက်တွေက အလကားဖြစ်သွားတတ်သလို ပျော်ရွှင်မှုဆိုတာလဲ ကျန်းမာခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ် ။ ဒါကြောင့်သင်က ကျန်းမာစွာနေထိုင်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေသင့်မှာရှိနေဖို့လိုပါတယ် ။

၂ ။လူမှုဆက်ဆံရေးပညာ

လူတွေက တစ်ယောက်နဲ့ တစ်ယောက်ပေါင်းသင်းဆက်ဆံပြီးနေထိုင်ကြရပါတယ်။ တစ်ယောက်ထဲရပ်တည်လို့ မရပါဘူး ။ လူတစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ်ပြီးနေထိုင်ကြရပါတယ်။

လူတွေနဲ့ပေါင်းသင်းတဲ့အခါ အဆင်ပြေနေဖို့ရာ ပေါင်းသင်းဆက်ဆံရေးပညာက အဆင်မတန်အရေးကြီးသွားပါပြီ ဟိုလူနဲ့အဆင်မပြေ ဒီလူနဲ့မတည် ဖြစ်နေလို့မရပါဘူး။

လူတွေနဲ့အလိုက်အထိုက်ပေါင်းသင်းတတ်ဖို့လိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်နေဖို့လိုပါတယ် ။

၃ ။ အသက်မွေးဝမ်းကြောင်းပညာ

ဒါကတော့ ဘဝရှင်သန်နေထိုင်ဖို့ ငွေရှာဖို့ပညာရပ်ပါပဲ ။ လက်မှုပညာတစ်ခုခုတတ်မြောက်ထားတာမျိုး ဝင်ငွေရှာတတ်တဲ့ပညာမျိုးကိုဆိုလိုပါတယ်။ သင်က ငွေရှာလို့ရတဲ့ပညာရပ် တစ်ခုခု တတ်မြောက်ထားဖို့လိုပါတယ်။ သင်ကဘယ်လိုလူပဲဖြစ်ဖြစ် ဒီလိုပညာရှိထားဖို့လိုပါတယ်။ ဘဝမှာအသက်ရှင်ဖို့ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ရာ ဝင်ငွေရှိနေဖို့လိုပါတယ် အသက်မွေးလို့ရတဲ့ပညာတစ်ခုတတ်မြောက်အောင်သင်ယူထားပါ ။

၄ ။ ငွေကြေးပညာ

အသက်ရှင်နေသ၍ ပတ်သက်နေရမှာသည် ငွေကြေးပါ ။ ငွေမရှိပဲရပ်တည်လို့မရပါ ငွေက သင့်ကို စိတ်ချမ်းသာစေသလို စိတ်ဆင်းရဲမှုကိုပေးတတ်တဲ့ အရာပါ ငွေက ပါးစပ်မပါပေမဲ့ အင်မတန်စကားပြောပါတယ် ။

လူအများစုက အလုပ်အကိုင်တွေကိုပဲ အာရုံစိုက်တက်ကြပြီး ငွေကြေးပညာကို မေ့နေတတ်ကြပါတယ်။ ပြန်စဉ်းစားကြည့်ရင် အလုပ်လုပ်တယ်ဆိုတာ ငွေရဖို့ပါပဲ ငွေအတွက်အလုပ်လုပ်ကြတာပါ။

ဒါကြောင့်ငွေနဲ့ပတ်သက်ပြီးကျွမ်းကျင်နေဖို့လိုပါတယ်။ ငွေကိုစေခိုင်းတတ်ရင် ငွေရဲ့အရှင်သခင်ဖြစ်ပြီး ငွေရဲ့စေခိုင်းခြင်းကိုခံရရင်တော့ ငွေရဲ့ကျေးကျွန်ဖြစ်သွားပါတယ်။ ဒါကြောင့် ငွေကြေးပညာလေ့လာဖို့လိုပါတယ် ။

၅ ။ဗဟုသုတ အသိပညာ

ဒါကတော့ (General Knowledge) ကိုဆိုလိုတာပါ ။ ယေဘုယျသိထားတဲ့အသိပညာရပ်တွေပါ။ ဥပမာ နိုင်ငံရေး စီးပွားရေး ပြည်တွင်းပြည်ပအခြေအနေ ဖြစ်ပျက်တည်ရှိမှု အခြေအနေတွေ ပထဝီအနေအထား သမိုင်းကြောင်း စသဖြင့် ဗဟုသုတ တွေရှိထားဖို့လိုပါတယ် ။

ဗဟုသုတရှိခြင်းဟာ သင့်ကိုပိုပြီးတောက်ပစေပါတယ် ။ ဗဟုသုတနည်းတဲ့သူ ဟာ အခက်အခဲပိုကြုံတွေ့တတ်ပါတယ်။ နယ်ပယ်တိုင်းကို ကျွမ်းကျွမ်းကျင်ကျင်စုံစုံလင်လင်သိနေဖို့မလိုပါဘူး။ သို့ပေမဲ့အတိုင်းအတာတစ်ခုထိတော့ သိထားဖို့လိုပါတယ်။ ဗဟုသုတ ရှိထားဖို့လိုပါတယ်။

ဟိုဟာလဲမသိ ဒီဟာလဲမသိ ဆိုရင်အဆင်မပြေပါ ဒါကြောင့် ဗဟုသုတွေရှာထားဖို့လိုပါတယ်။

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး