ဆားဝက်ခြံပျောက်နည်း

ဆားဝက်ခြံပျောက်နည်း

ဒီနေ့ခေတ် လူတော်တော်များများမှာ ဆားဝက်ခြံ ပေါက်နေကြပါပြီ။ ဆယ်ကျော်သက်ကနေ အသက်ကြီးသူအထိ ဖြစ်နိုင်တယ်။ ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် အတေယ်ဒုက္ခပေးတယ်။  မျက်နှာလှအပကိုလည်း ဖျက်ဆီးနိုင်တယ်။

ဆားဝက်ခြံတိုင်းဟာ မွှေးညင်းပေါက်ပိတ်ဆို့ရာက ဖြစ်လာပါတယ်။ မွှေးညင်းပေါက်တွေက မွှေးညင်းနုထွက်တာ လူတိုင်းသိတယ်။ သို့သော် မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဂလင်းတခု ရှ်သေးတယ်။ အဆီဂလင်း(sebaceous gland)လို့ ခေါ်ပါတယ်။ အဆီဂလင်းရဲ့ တာဝန်က အဆီထုတ်ပေးတာဖြစ်တယ်။ အသားအရေခြောက်သွေ့သူတွေမှာ အစိုဓာတ်ထိန်းဖို့ sebum အဆီကို ထုတ်ပေးရတယ်။ သို့သော် ကံဆ်ုးတာတခုက ဝက်ခြံပေါက်သူ အများစုကလည်း အဆိုပါအဆီဂလင်းတွေမှာ ပိတ်ဆို့ခြင်းကြောင့် ဖြစ်နေပါတယ်။ အဆီဂလင်း ပိတ်ဆို့ရာက မွှေးညင်းပေါက်အခြေမှာ ဆဲလ်သေ၊ဖုန်နဲ့ ရောဂါပိုးမွှားစတာတွေ ခိုအောင်းလာရင် ဝက်ခြံထွက်လာပါတယ်။ အဆီဂလင်းပိတ်တဲ့အဆင့်ကို comedome လို့ခေါ်ပါတယ်။ တနည်းပြောရရင် အဆီဂလင်းပိတ်ရုံကလွဲလို့ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာသေးတာ comedome အဆင့်ပါ။

comedome နှစ်မျိုးရှိတယ်။ ပထမတမျိုးက အဆီက အရေပြားမွှေးညင်းအထွက်တွေမှာ လုံးဝ ပိတ်ဆို့တာမျု်းဖြစ်တယ်။ ဒါကို whitehead(အဆီဖု)လို့ ခေါ်ပါတယ်။ ခပ်ဖြူဖြူအဖုလေးတွေ တွေ့ရမယ်။ နောက်တမျိုးက အဆီက မွှေးညင်းပေါက်ကို တဝက်တပျက်ပိတ်ဆို့ပြီး အဝက ခပ်ဟဟ ပွင့်နေတာ။ ဒါမျိုးကျတော့ blackhead(ဆားဝက်ခြံ)လို့ ခေါ်ပါတယ်။ ဆားဝက်ခြံတွေဘာ့ကြောင့် မဲနေလည်းဆိုတော့ လေနဲ့ ဓာတ်ပြုသွားလို့ဖြစ်ပါတယ်။ ပွင့်နေတဲ့ မွှေးညင်းပေါက်ကြောင့် လေဝင်လေထွက် ဓာတ်ပြုနိုင်တာဂဖြစ်ပါတယ်။ ဘာနဲ့သွားတူလဲဆိုတော့ ပန်းသီးတလုံးကို ခွဲပြီး အချိန်ကြာထားရင် မဲသွားတာမျိုး ဖြစ်ပါတယ်။ အောက်စီဂျင်နဲ့ ပေါင်းပြီး oxidation ဓာတ်တိုးသွားလို့ဖြစ်ပါတယ်။ အကယ်၍ comedome အဆင့်ကနေပိုးဝင်လာမယ်ဆိုရင်တော့ acne(ဝက်ခြံ)အဆင့်ကို ရောက်သွားမှာဖြစ်ပါတယ်။

ဆားဝက်ခြံဟာ မျက်နှာအဆီပြန်သူမှာ အဖြစ်များတယ်။ ဆားဝက်ခြံအမြန်ပျောက်နည်း တခုရှ်တယ်။ ဆယ်မိနစ်အတွင်းဂထူးခြားတယ်။ ဒီနည်းကလွယ်ကူသလို သုံးရတဲ့ပစ္စည်းက သိပ်မခက်ဘူး။ နွားနို့နဲ့ ကျောက်ကျောမှုန့် နှစ်မျိုးတည်းသာလိုတယ်။

အရင်ဆုံး နွားနို့တစ်ဇွန်းနဲ့ ကျောက်ကျောမှုန့် တစ်ဇွန်းကို ဆတူရောပြီး ဖန်ခွက်တခုထဲထည့်ပါ။ ပြီးရင် သမအောင် မွှေပါ။ မိုက်ခရိုဝေ့ဖ်မီးဖိုရှိရင် microwave ထဲမှာ (၁၀)စက္ကန့်လောက်ထားပါ။ (အပူချိန်ကို အလယ်အလတ်အဆင့်မှာ ထားပါ)။ ဆယ်စက္ကန့်ပြည့်တာနဲ့ အပြင်ထုတ်ပြီး အအေးခံထားပါ။ အဆိုပါအရော(paste)ကို မျက်နာပေါ် ဆားဝက်ခြံရှိတဲ့နေရာမှာ မိတ်ကပ်လိမ်းတဲ့ စုတ်တံနဲ့ သေချာလိမ်းပေးပါ။ ခြောက်အောင်ခဏထားပါ။ ဆယ်မိနစ်ခန့်ကြာရင် ကပ်နေတာတွေ ခွာချလိုက်ပါ။ ဆားဝက်ခြံတွေကင်းစင်ပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာကို အချိန်ပိုင်းအတွင်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး