တင်သားထွက်ဖို့ ဘာဆေးသောက်မလဲ

တင်သားထွက်ဖို့ ဘာဆေးသောက်မလဲ

တင်သားက အမျိုးသမီးတယောက်ရဲ့ အလှလို့ ဆိုကြပါတယ်။ ဒီနေ့ခေတ် gym တွေ ခေတ်စားလာတော့ အမျိုးသမီးတွေ ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ တင်သားထွက်အောင် ဦးစားပေးလုပ်ဆောင်လာကြတာတွေ့ရတယ်။ မိန်းကလေးတယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားလှပမှု တနည်းအားဖြင့် တင်သား ရှိ၊မရှိ ဆိုခြင်းဟာ အစားအသောက်၊ မျိုးရိုး၊ ဟော်မုန်းတွေနဲ့ အဓိကသက်ဆိုင်တယ်။ မျိုးရိုးကို ဆရာဝန်တွေ ပြောင်းလဲလို့မရပါ။ အစားအသောက်ကတော့ ကိုယ်တိုင် လုပ်ဆောင်မှုဖြစ်တယ်။ ဟော်မုန်းကိုတော့ ဆရာဝန်လုပ်သူတွေက ပြောင်းလဲပေးနိုင်တယ်။

တင်သားထွက်ဖို့ သောက်ဆေး၊ လိမ်းဆေး အမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ maca root ပါတဲ့ဆေးတွေက အသုံးများတယ်။ maca root က ပီရူးနိုင်ငံက ထွက်တယ်။ ရင်သားတင်းရင်းစေတဲ့နည်းမှာ ဒီဆေးအကြောင်း ပြောခဲ့ဖူးတယ်။ နိုင်ငံခြားကလာတဲ့ လိမ်းဆေးတွေမှာ maca root အမြဲပါလေ့ရှိတယ်။ သောက်ဆေးအနေနဲ့လည်း သုံးတယ်။ နေ့စဉ် 500mg သောက်ပေးရတယ်။ အမှုန့်နဲ့လာတာလည်း ရှိတယ်။ အမှုန့်ကို ဖျော်ရည်အနေနဲ့သာမက စွပ်ပြုတ်မှာပါ ထည့်သောက်နိုင်တယ်။ ပြဿနာက ဘေးထွက်ဆိုးကျိုးရှိနေတာ။ 1-3 g ထိသောက်ရင် အသက်ရှုမြန်ပြီး၊ရင်တုန်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာ မသောက်သင့်ဘူး။

တင်သားထွက်ဖို့ သောကိဆေး(၃)မျိုးရှိတယ်။ saw palmetto , Dong Quai နဲ့ Pueraria Mirifica ဆေးတွေဖြစ်တယ်။ သုံးမျိုးလုံး phytoestrogen အီစတိုဂျငိဟော်မုန်းကို အားပေးတာဖြစ်တယ်။

• saw palmetto ကို အင်ဒရိုဂျင်ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေးအဖြစ် လူသိများတယ်။အမျိုးသား ဆီးကျိတ်ရောင်ရောဂါအတွက် ပေးလေ့ရှိတယ်။ အမျိုးသမီးတွေမှာတော့ အဆီစုစည်းမှုကို အားပေးလို့ တင်ပါး၊ရင်သားထွကိချင်သူတွေအတွက် သုံးကြတယ်။ နေ့စဉ် 160-320 mg ထိ သောက်နိုင်တယ်။

• Dong Quai ဆိုတာ တရုတ်ဆေးတမျိုးဖြစ်တယ်။ ရာသီမမှန်တာနဲ့ ဗိုက်နာရင်သားနာတာ သက်သာစေတယ်။ အီစတိုဂျင်အားဖြည့်ဆေးအနေနဲ့သောက်မယ်ဆိုရင်တရက်ကို ၂-၄ ဂရမ်အထိ သောက်ပေးသင့်တယ်။ အဲထက်ပိုသောက်ရင် မျက်နှာရဲလာတာ ရှိတတ်တယ်။

• Pueraria Mirifica qဆိုတာ ထိုင်းမှာ အသုံးများတဲ့ဆေးတမျိုးပဲ။ အီစတိုဂျင်ပါဝင်မှု အလွန်များတယ်။ တချို့ကင်ဆာသမားတွေနဲ့ မတည့်ပါ။ တင်သားထွက်ဖို့ဆိုရင် တရက်ကို 20-50mg သောက်ရတယ်။

အလွယ်ဆုံး အိမ်သုံးနည်းတွေလည်း ရှိနေပါတယ်။ fennel seed ဆိုတာ စမုံစပါးတမျိုးဖြစ်တယ်။  စမုံစပါးမှာ Iron, Copper, Manganese, Zinc, Potassium, Selenium အပြင် Vitamins A, B-complex, E, C စတဲ့ဓာတ်တွေလည်းပါတယ်။ တရက်ကို ၅ ဂရမ် သောက်သုံးပေးရမယ်။ စမုံစပါး လက်ဖက်ရည်တဇွန်းစာ ယူပြီး ရေနွေးတဖန်ခွက် (200ml)ထဲ ထည့်နှပ်ပါ။ တနာရီကြာအောင် နှပ်ပြီး အဖုံးဖုံထားပါ။ ပြီးရင် မနက်တခွက်၊ ညတခွက် သောက်ပါ။ စမုံစပါးက phytoestrogen ကြွယ်ဝလို့ တင်ပါးသာမက ရင်သားကိုပါ ထွက်စေသတဲ့။

နောက်တနည်းက fenugreek အစေ့ကို ရေ ညလုံးပေါက်စိမ်ပြီး မနက်စာ မစားခင်သောက်ရတာ။ fenugreekမှာ diosgenin ဆိုတဲ့ဓာတ်တမျိုးပါတယ်။ ဒီဓာတ်က အီစတိုဂျင် ပမာဏကို မြင့်တက်စေတယ်။ fenugreekကို သဘာဝနို့ထွက်ဆေးအနေနဲ့လည်း သုံးကြသေးတယ်။ နို့ထွက်ကောင်းရုံမက ရင်သားကို ကြီးထွားစေတယ်။ သောက်ဆေးအနေနဲ့ သောက်မယ်ဆိုရင် နေ့စဉ် 500-1000 mg ထိ သောက်ပေးနိုင်တယ်။

ဒေါက်တာအေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး