သင့် နှလုံးအတွက် သတိထားသင့်သော ရောဂါလက္ခဏာများ


Heart Attack ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရခင် တစ်လ လောက်အလိုမှာပြတတ်တဲ့ရောဂါလက္ခဏာတွေ ကြိုတင်သိထားနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း - ပင်ပန်း တယ်ဆိုတာမျိုးက ပုံမှန်လိုဖြစ် လေ့ရှိပေမယ့် နေ့စဉ်ပြုလုပ်နေကျကိစ္စတွေလုပ်ရင်း သိသိသာသာ ထူးထူးခြားခြားကြီးကို တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နုံးချည့်နွမ်းနယ်နေရင် သတိထား ဖို့လိုလာပါပြီ။

အသက်ရှူကျပ်ခြင်း - နှလုံးတိုက် ခိုက်မခံရခင်မှာ လူတိုင်းလိုလိုကြုံ ရတာက အသက်ရှူကျပ်လာတာ ပါ။ အဆုတ်က လိုအပ်တဲ့သွေး မရတဲ့အတွက် သွေးကြောတွေ ပိတ်လာကာ အသက်ရှူကျပ်လာ တာမို့ ဒီလိုထူးခြားတဲ့ ခံစားမှုရ တာနဲ့ ဆရာဝန်ဆီကို အမြန်ဆုံး သွားပါ။

ရင်ဘတ်တစ်ခုလုံးတင်းကျပ်၊ နာကျင်ခြင်း - နောက်ထပ်သိသာ တဲ့ လက္ခဏာတစ်ခုက ရင်ဘတ် တစ်ခုလုံး တင်းကျပ်နာကျင်လာ ပြီး တစ်ခါတစ်ရံမှာ လက်မောင်း တွေ၊ လည်ချောင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျောနဲ့ အစာအိမ် တွေတင်းပြီး နာကျင်တာမျိုးတွေ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ် လေ့ရှိပါတယ်။

မောပန်းခြင်း - ကြွက်သားတွေဆီ သွေးအလုံအလောက်မရတဲ့အခါ မှာ အားနည်းပြီး မောပန်းတဲ့ခံစား မှုမျိုးကိုလည်း သတိထားပါ။

မူးဝေပြီး ချွေးစေးများပြန်ခြင်း - ဦးနှောက်ဆီကို သွေးကောင်းစွာ မရောက်တဲ့အတွက် မူးဝေတဲ့ခံ စားမှုဖြစ်စေသလို ချွေးစေးတွေ ပြန်တာဟာ နှလုံးတိုက်ခိုက်ခံရ ခြင်းရဲ့ အကြိုလက္ခဏာတစ်ခုပါ ပဲ။

အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း - ချောင်းတွေအရမ်းဆိုး အအေးမိ လိုက်၊ ဖျားနာလိုက်ဖြစ်တာဟာ ချက်ချင်းဒုက္ခပေးနိုင်တဲ့ လက္ခ ဏာရပ်မဟုတ်ပေမယ့် ပေါ့ပေါ့ ဆဆမလုပ်ဘဲ သတိထားပြီး ကုသဖို့လိုပါတယ်။

အထက်ပါအချက်တွေကို နှလုံးတိုက်ခိုက်မခံရခင်မှာ ပြ တတ်တဲ့လက္ခဏာတွေမို့ အမြဲ သတိထားနေဖို့ လိုအပ်သလို လူ တစ်ဦးနဲ့တစ်ဦး ဖြစ်ပွားတဲ့ပုံစံမတူ တဲ့အတွက် အသက်ရှည်ကျန်းမာ စွာနေရအောင်လို့ မှတ်ထားဖို့လို ပါတယ်။

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး