Hot
ဆံပင်အကွက်လိုက် ဖြစ်ခြင်း
- Get link
- X
- Other Apps
ဆံပင်အကွက်လိုက် ဖြစ်ခြင်း
ဆံပင်အကွက်လိုက် ဖြစ်ခြင်း က ရိုးရိုးဆံပင်ကျွတ်တာ နဲ့မတူပါဘူး။ ဆံပင်ကျွတ်တာ(hair shedding) က ဟော်မုန်းတားဆေး(progesterone, estrogen)ရပ်ပြီးနောက်ဖြစ်တတ်တယ်။ ဆံပင်အကွက်လိုက်ဖြစ်ခြင်း (alopecia areata) ကျတော့ ခုခံအားချင်းပြန်တိုက်လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ခုခံအား သွေးဖြူဥဆဲလ်တွေရှိပါတယ်။ သွေးဖြူဥဆဲလ် T cell က ဦးရေပြားမှာရှိတဲ့ ဆံသားအမြစ်ကို သွားတိုက်ခိုက်လို့ ဖြစ်ပါတယ်။ ဆံသားအမြစ်က ရှုံ့သွားပြီး ဆံပင်ထုတ်လုပ်မှု လျှော့နည်းသွားတယ်။
ဘာ့ကြောင့် တိုက်ခိုက်ခံရလဲဆိုတာ ပြောရခက်တယ်။ တချို့က မျိုးရိုးကြောင့်လို့ ဆိုတယ်။ မျိုးရိုးထဲမှာ ရှိရင် ၅ယောက် တစ်ယောက် (၂၀%) ဒီရောဂါဖြစ်နိုင်ချေရှိတယ်။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခရုသင်း၊သိုင်းရွိုက်၊ ခုခံအားလေးဖက်နာ၊ အဆစ်မြစ်လေးဖက်နာ၊ အူလမ်းကြောင်းနာရောဂါ(ulcerative colitis) ကြောင့်ဖြစ်နိုင်ကြတယ်။ စိတ်ဖိစီးမှု အလွန်အကျွံ များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လက္ခဏာရပ်များ
alopecia areata ရဲ့ အဓိကလက္ခဏာက ဆံပင်အကွက်လိုက်ဖြစ်တာပါ။ စစချင်း အကြွေစေ့ အရွယ်အစားလောက်ရှိတဲ့ အကွက်မျိူး စဖြစ်လာတယ်။ သီအိုရီအရ အမွှေးထွက်တဲ့နေရာတိုင်းမှာ ဒီလိုဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့နေရာတွေက ဆံပင်၊မျက်ခုံး၊မျက်တောင်၊မုတ်ဆိတ်မွှေး ထွက်တဲ့နေရာတွေ ပိုအဖြစ်များတယ်။ ဒီရောဂါက အကြောင်းခံမယ်မယ်ရရမရှိဘဲ ရုတ်တရက်ကြီး ဖြစ်လာတာများတယ်။ တချို့လူနာတွေဟာ ဆံပင်မကျွတ်ခင် ဦးရေပြား ယားတာ၊ပူစပ်ပူလောင် နေတာမျိုး အရင်ဖြစ်နိုင်ပါတယ်။ ဆံသားအမြစ်ရောင်တဲ့ရောဂါဖြစ်လို့ အရောင်ကျတဲ့အခါ သူ့အလိုလို ဆံပင်ပြန်ပေါက်လာနိုင်ပါတယ်။
Alopecia areata ဟာ ခြေသည်း၊လက်သည်းတွေကိုလည်း အရင်ဆုံး ထိခိုက်နိုင်ပါတယ်။ လက်သည်း၊ခြေသည်းမှာ အဖြူကွက်၊အစင်းကြောင်းပေါ်လာနိုင်တယ်။ ပြီးရင် ကျွတ်ဆတ်၊ခြောက်သွေ့၊ကြမ်းတမ်းလာတတ်တယ်။ ဆံသားပုံစံလည်း ပြောင်းလဲနိုင်ပါတယ်။ ဆံပင်ကတိုပြီး အခြေက သိမ်ဝင်နေရင် ဒီရောဂါဖြစ်ဖို့ များတယ်။ Exclamation mark hairs လို့ ခေါ်ပါတယ်။ မပေါက်ခင်ကတည်းက ဆံပင်ကွဲအက်တာ၊ပျက်ဆီးတာမျိုးဖြစ်နိုင်တယ်။ တချို့ဆံပင်ဖြူတွေ ထွက်လာတာလည်း ရှိပါတယ်။
ဒီရောဂါက တခြားရောဂါနဲ့ ခွဲခြားဖို့ လွယ်ကူပါတယ်။ ပုံစံက ကြည့်ရုံနဲ့ သိသာတယ်။ နောက်ခံအကြောင်းအရင်းကိုရှာဖွေဖို့ သွေးစစ်တာ၊ အသားစယူတာမျိိုး ရှိတတ်ပါတယ်။
ကုသနည်း
အသုံးများဆုံးဆေးက စတီးရွိုက်ထိုးဆေး၊ လိမ်းဆေးပေးတာဖြစ်ပါတယ်။တခါတရံ ဆံပင်သန်ဆေး (5% minoxidil) လိုမျိုးဆေးတွေလည်းပေးနိုင်တယ်။ သ်ု့သော် ဒီဆေးက တမျိုးတည်းသုံးတာထက် steroid လိမ်းဆေးတွေ နဲ့ဆိုပိုအာနိသင်ကောင်းတယ်။ minoxidil ပေးပြီး နာရီဝက်နေရင် စတီးရွိုက်လိမ်းနိုင်တယ်။ စတီးရွိုက်လိမ်းဆေးထဲမှာ clobetasol 0.05% lotion ပေးတာများတယ်။ ကျတော့် အတွေ့အကြုံအရ ဦးရေပြား မှာ စတီးရွိုက်ပေးတဲ့အခါ clobetasol (ointment or cream)၊ fluocinonide cream တွေကိုရွေးရတယ်။ မသက်သာရင် ထိုးဆေးပေးရတယ်။ alopecia areata မှာ စတီးရွိုက်က အဓိကဖြစ်တယ်။
ဦးရေပြားထဲဆေးထိုးတဲ့အခါ 30G needle အပ် နဲ့ triamcinolone 5mg/ml ကို 0.1ml နှုန်းနဲ့ထိုးပေးရတယ်။ ထိုးဆေးသုံးတဲ့အခါ ဦးခေါင်း ဧရိယာရဲ့ ထက်ဝက် မကျော်မှ ထိုးရတယ်။ တခါထိုးပြီး ၃-၉ လလောက်ထ်ိကြာကြာခံနိုင်တယ်။ ပြီးရင် ပြန်ကျွတ်နိုင်တယ်။ တခါလာထိုးရင် စုစုပေါင်း 3ml ထက် မပိုသင့်ပါ။ စတီးရွိုက်ထိုးရင် တလ သို့ တလခွဲတကြိမ် ထိုးပေးရတယ်။
အဲဒါမှမရရင် anthralin cream 1%(dithranol like substance) ကို တရက် တကြိမ်လိမ်းပေးရတယ်။ ဆေးလိမ်းပြီး တစ်နာရီနေရင် ရေပြန်ဆေးချရတယ်။အချိန်ကြာလိမ်းထားရင် ယားတာ၊ အရေပြားညိုတာဖြစ်တတ်တယ်။ စစချင်း(၁၅)မိနစ်ပေးပါ။ ခံနိုင်မှ နာရီဝက်ထားပါ။ နောက်ပိုင်း ၁နာရီထားပြီး ရေပြန်ဆေးချပါ။ နှစ်လအတွင်း ထူးခြားမှုရှိတယ်။ အာနိသင်က အရေပြား ဆဲလ်ပွားများမှုက်ု လျှော့ချပေးတာဖြစ်ပါတယ်။ မသက်သာရင် diphencyprone လိမ်းဆေးသုံးနိုင်တယ်။ မကောင်းတာတခုက ခရုသင်းဖြစ်စေတယ်ဆိုတဲ့ သီအိုရီတွေလညး် ရှိပါတယ်။
အဲဒါမှ မရရင် cyclosporin သောက်ဆေး၊လိမ်းဆေးပေးရတယ်။ cyclosporin 5% လိမ်းဆေး တစ်ရက် နှစ်ကြိမ်-လေးကြိမ် ၂ လတိတိပေးကြတယ်။ မထူးခြားရင် သောက်ဆေး 5-10mg/kg/day နှုန်းနဲ့ပေးတယ်။ ဆေးဖြတ်ပြီး သုံးလကြာတဲ့အခါ ပြန်ဖြစ်တတ်တယ်။ တခါတရံ methotrexate သောက်ဆေး တွေပေးရတယ်။ တစ်ပတိနှစ်ကြိမ် နှုန်းနဲ့ ပေးရတယ်။ ဒီဆေးကလည်း ဆေးဖြတ်ပြီး ၃-၆လ နေတဲ့အခါ ထက်ဝက်မှာ ပြန်ဖြစ်နိုင်တယ်။
သောက်ဆေးထဲမှာ dapsone 50mg တရက်နှစ်ကြိမ် ၆လကြာပေးတဲ့အခါ ၅၄% က ပြန်ကောင်းလာတယ်။ ဘေးထွက်ဆိုးကျိုး (အထူးသဖြင့် အားယုတ်တာ)က လူတိုင်းမှာဖြစ်တဲ့အတွက် ရပ်လိုက်ရတာများတယ်။
aloepecia areata မှာ သွေးတွင်း vit D နည်းတတ်လို့ vit D အားဖြည့်ဆေးပေးရတယ်။ ဦးရေပြား အမြစ် hair follicle ပြန်ရှင်သန်လာတယ်။ အရောင်ကျစေတဲ့ ဘိုင်အိုဖလေဘိုးနွိုက်ဖြစ်တဲ့ quercetin ပေးနိုင်တယ်။ ပန်းသီး၊စပျစ်သီး၊ လိမ္မော်သီး၊စပျစ်သီးစတာထဲမှာ quercetin ပါလေ့ရှိတယ်။ ရောဂါဖြစ်သူရဲ့ ထက်ဝက်ခန့်ဟာ တစ်နှစ်အတွင်း လုံးဝပြန်ကောင်းနိုင်ပါတယ်။
အိမ်သုံးနည်း
ကြက်သွန်နီ၊ဖြူက်ု ရောကျိတ်ပြီး အရည်စစ်ယူပါ။ ပြီးရင် အအေးခံထားတဲ့ လက်ဖက်စိမ်းရည်နဲ့ ရောပါ။ ပျားရည်၊ သံလွင်ဆီ၊ အုန်းရည်အနှစ် ရောထည့်ပြီး ဆံပင်အကွက်လိုက်ကျွတ်တဲ့ နေရာတွေက်ု လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ aromatherapy ခေါ်တဲ့ ရနံ့အဆီ လိမ်းနည်းတွေလည်းရှိပါတယ်။ ရနံ့အဆီ (cedarwood, lavender, thyme, rosemary oils ) လိမ်းပေးခြင်းဟာလည်း ကောင်းတယ်။လူနာတချို့မှာ ထူးခြားလာတာ တွေ့ရတယ်။
သတိပြုရမှာက ဒီရောဂါဖြစ်သူရဲ့ ၃၀% နှုန်းဟာ နဂိုအခြေနေထက် ပိုပိုဆိုးလာတတ်ပါတယ်။ တခါတရံ ပေါက်လိုက်၊ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်တယ်။ ကံဆိုးတဲ့ ၁၀ ရာခိုင်နှုန်းကတော့ တခေါင်းလုံးဆံပင်ကျွတ်တဲ့အဆင့် (alopecia totalis)ထိ ရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်အကွက်လိုက် ကျွတ်ရင် မပေါ့ဆဘဲ စနစ်တကျ ကုသသင့်ပါတယ်။
ဒေါက်တာ အေးမင်းထူး

Popular posts from this blog
Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်
၁။ သင်၏ Router အတွက်နေရာကောင်းတစ်ခုရွေးပါ သင်၏ router ထားချင်သလို ရမ်းထားလို့ မဖြစ်ပါ။ သင်၏ router ကိုလျှပ်စစ်သံလိုက်လှိုင်းများထုတ်လွှတ်သည့် အသုံးအဆောင် အရာဝတ္ထုများ နှင့်နီးကပ်စွာမထားခြင်းကို ရှောင်ရှားစေလိုသည်။ အကောင်းဆုံးကတော့ သင်ဟာလျှပ်စစ်ဝါယာကြိုးများနှင့် ခပ်ဝေးဝေးထားပါ။ WiFi signal သတ်မှတ်ဧရိယာကို လွှမ်းခြုံရန် သင်၏ WiFi router ကိုအကြမ်းအားဖြင့်အလယ်တွင်ထားသင့်သည်။ ကြမ်းခင်းအထက် router ကို မြှင့်ထားခြင်းဖြင့် သင်၏ WiFi signal ကို အနည်းငယ်မြှင့်တင်နိုင်ပါတယ်။ ၂။ သင်၏ Router ကို Update လုပ်ပါ သင် နေ့စဥ် သတင်းဖတ်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ် ဦး ချင်းစီအတွက် ကုန်ကျစရိတ်ကြီးမားသည့် အကြီးစား malware တိုက်ခိုက်မှုများအကြောင်း သင်ကြားဖူးမှာပါ။ အကယ်၍ router အားလုံးအား မွမ်းမံထားလျှင် ဤတိုက်ခိုက်မှုများစွာသည်မဖြစ်နိုင်ပါ။ Malware သည် router ကိုကူးစက်သည်နှင့်တပြိုင်နက် bandwidth ကိုခိုးယူပြီး network မှအခြား devices များသို့ပြန့်ပွားနိုင်သည်။ အန္တရာယ်ရှိတဲ့ malware မရှိရင်တောင်မှ Firmware ဟောင်းပါတဲ့ routers တွေဟာ ပုံမှန် update လုပ်ထားတဲ့ ...
ကိတ်နည်း လမ်းညွှန်
ကိတ်နည်း လမ်းညွှန် (၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျု်းစားပါ။ (၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။ (၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။ (၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။ (၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။ (၆) အိပ်ခါနီး protein shake သောက်ပါ။ လေ့ကျင့်ခန်း (၁) squat ထိုင်ထ လေ့ကျင့်ခန်းတမျိုးဖြစ်တယ်။ လက်ကိုဆန့်ပြီး တင်ပါးကို နောက်ထုတ်ထားပါ။ ခါးကို မတ်မတ်ထားပြီး ထိုင်ချပါ။ ပြီးရင် ပြန်ထပါ။ တခါလုပ် (၁၅)ကြိမ် ထိုင်ထလုပ်ပါ။ တရက်ကို စုစုပေါင်း (၃)ကြိမ် လုပ်သင့်တယ်။ (၂) donkey kick ကြမ်းပြင်တခုပေါ် အရင်လေးဖက်ထောက်ပါ။ပြီးရင် ခြေတဖက်ကို နောက်ကွေးပြီး မြှောက်ပါ။ တဖက်ကို ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် (၃၀)လုပ်ပါ။ တရက်ကို သုံးခါ(စုစုပေါင်း အကြိမ် ၉၀) လုပ်သင့်တယ်။ (၃)bridges ပက်လက်အိပ်ပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်ကို ကြမ်းပြင်ပေါ်မှောက်လျှက် ချထားပါ။ ပြီးရင် အလယ်က ခါးကိုအပေါ် ကော့တင်ပါ။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကို ကျရုံမက တင်သားပါ ထွက်စေတယ်။ တခါလုပ်ရင် (၁၅)ကြိမ်လုပ်ပါ။ တရက်ကို သုံးခါ...
ကြာဆူးအတွက် ကုထုံး
ကြာဆူးအတွက် ကုထုံး ကြာဆူးကို ဆေးပညာလို keratosis pilaris ခေါ်တယ်။ တိတိကျကျ ပြောရရင် follicular keratotic papules လို့သာ ခေါ်ရမယ်။ ပွတ်တဲ့မှုများတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ ဗီတာမင် အေဓာတ်ချု့်တဲ့ခြင်းနဲ့လည်း က်ဆိုင်တယ်။ လူငယ်လူရွယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။ လူနာကို ဒုက္ခမပေးပေမယ့် လူမြင်ကွင်းမှာမို့ စိတ်ညစ်စရာကောင်းပါမယ်။ သေချာစမ်းကြည့်ရင်း ခပ်ကြမ်းကြမ်း၊ခပ်မာမာ အဖုလေးတွေ တွေ့ရတယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြားလောက် ရှိတယ်။ အမှန်တော့ အရေပြား မွှေးညှင်းပေါက်နေရာမှာ keratin ဆဲလ်တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လေ့လာမှုတွေအရ ဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်ကြတယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျကိနှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ လက္ခဏာတွေက အရေပြားယားယံတာ၊ ကြမ်းတမ်းတာမျိုးရှိတယ်။ ထိုင်းနိုင်ငံမှာလေ့လာမှုအရ သူတို့မှာ အရွယ်ရောက်သူရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တာတွေ့ရတယ်။ဆောငိးရာသီနဲ့ လေထုစိုထိုင်းစနည်းတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တယ်...

Comments
Post a Comment