ဝက်ခြံအမာရွတ်ခွက်အတွက် အကောင်းဆုံးနည်း

ဝက်ခြံအမာရွတ်ခွက်အတွက် အကောင်းဆုံးနည်း

ဝက်ခြံခွက်တွေ ပျောက်ကင်းဖို့ အကောင်းဆုံးနည်းပေးပါရစေ။ ဒီနည်းက တကယ်လည်း သိသာထင်ရှားတဲ့နည်းတခုဖြစ်တယ်။ ဝက်ခြံအမာရွတ်ခွက်တွေ ကုသဖို့ ကြက်ဥတလုံး၊ ပျားရည် ထမင်းစားဇွန်းတဇွန်း၊ ရှောက်သီး တခြမ်း၊ ဒိန်ချဉ် တဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်တဇွန်းစာ လိုအပ်ပါတယ်။

ပြုလုပ်နည်း
• ကြက်ဥတလုံးကို ဖောက်ပြီး ဘေးအကာ(အဖြူနှစ်)ကိုယူပြီး ပန်ကန်လုံးတခုထဲထည့်ပါ။
• ပြီးရင် ပျားရည် နဲ့ ဒိန်ချဉ် ထမင်းစားဇွန်းတဇွန်းစီထည့်ပြီး မွှေပါ။
• နောက်မှ ရှောက်သီးတခြမ်းကို အရည်ညှစ်ပြီး မုန့်ဖုတ်ဆော်ဒါနဲ့ရောပါ။
• ဒီနေရာမှာ ဆော်ဒါဟာ ရှောက်သီးရည်နဲ့ ထိတဲ့အခါ ဓာတ်ပြုပြီး အမြှုပ်ထလာလိမ့်မယ်။
• အဆိုပါအရောကို သန့်စင်တဲ့အဝတ်တခုနဲ့စိမ်ပါ။ တချို့က ဂွမ်းနဲ့ပွတ်ပြီးမှ အပေါ်က သန့်စင်တဲ့ အဝတ်စ gauze ကို ကပ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ်ရပါတယ်။ လိုရင်းက ဆေးကို အရေပြားက စုပ်ယူမှုအားကောင်းစေဖို့ အဝတ်စတခုခု ဖုံးအုပ်ဖို့ အတွက်သာဖြစ်တယ်။
• မျက်နှာမှာတင်ပြီးရင် မိနစ်(၃၀)ကြာထားပါ။
• ပြီးရင် ကြက်သီးနွေးရေနဲ့ ခပ်ဖွဖွဆေးပြီး မျက်နှာသစ်ပါ။
• အဲလိုအချိန် facial foam မသုံးပါနဲ့။ မျက်နှာသစ်ပြီးတဲ့အခါ အဝတ်နဲ့အရင်သုတ်ပါ။ ပြီးမှ ရေအေးနဲ့ သေချာပြန်သစ်ရမယ်။

အဆိုပါနည်းဟာ ဝက်ခြံအမာရွတ်ခွက်တွေအတွက် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ညစဉ်လုပ်ပေးရုံနဲ့ သုံးလအကြာမှာ အမာရွတ်ခွက်တွေ သိသိသာသာလျှော့ပါးသက်သာလာနိုင်မှာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး